Chapter - 68

4.3K 696 53
                                    


『Unicode 』

အခန်း ( ၆၈ ) : ဒါမင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။

※※※※※※※※※※※※※※※※※※※※



ဒီလိုမျိုး ဖြစ်လာခဲ့သည်။ လက်စွပ်ဝတ်ပြီးနောက် ရန်ချင်းကျွမ်း နှင့် ကျွန်တော့်​၏ ဆက်ဆံရေးက တစ်မျိုးတစ်ဖုံ ထူးဆန်းလာခဲ့​၏။

ဒါက ကျွန်တော် သတ်မှတ်ထားခဲ့သော အစီအစဉ်မျိုး မဟုတ်ပါချေ။

အကြိမ်ပေါင်းမြောက်မြားစွာတိုင် ကျွန်တော် ရန်ချင်းကျွမ်းထံ ပြေးသွား၍ ၊ သူ့ကို လက်စွပ်ချွတ်ဖို့နှင့် ညကပြောခဲ့သမျှအားလုံးဟာ မရည်ရွယ်သောစကားများပါဟု ပြောလိုက်ချင်မိသည်။ ကျွန်တော် သူ့ကို သဘောကျတဲ့အကြောင်းနှင့်တခြားသူကို မကြိုက်ဖို့ ပြောခြင်းက အကုန်လုံး ပေါက်ကရတွေပါဟူ၍။ သို့သော် သူ ကျွန်တော့်ထံ ကပ်လာ၍ ကျွန်တော့်ပါးပြင်ကိုထိပြီး ၊ စကားပင်မဆိုပဲ ခေါင်းပွတ်ပေးလာသည်နှင့် ကျွန်တော် ဘာကိုမှ မမှတ်မိနိုင်တော့ပေ။

သူ့အထိအတွေ့ ၊ သူ့စကားနှင့် သူ့ဖြစ်တည်မှုအလုံးစုံကပင် မှော်ပညာတစ်ခုနှယ် ကျွန်တော့်​၏ ပြိုလဲလုတဲတဲဆင်ခြင်တုံတရား အလုံးစုံကို တိုက်စားကာ သူ့ဆန္ဒနှင့်ဆန့်ကျင်သော အရာတွေကို ပြောမထွက်စေခဲ့။ သူကျွန်တော့်ကိုသေစေချင်လျှင်တောင် ကျွန်တော် ဘာမှ ပြောလိမ့်မည်မဟုတ်ဟု ခံစားရပါ​၏။

မဟုတ်လျှင်လဲ.....၇ရက်လေးပဲ ၊ သူနှင့် နောက်ထပ် ၇ရက်လေးပဲနေပြီးရင် ကျွန်တော် ထွက်သွားမည်။

ကျွန်တော့်မှာ အစီအစဉ်မရှိပဲ ၊ ဘယ်ကိုသွားနိုင်မလဲ မသိသေးပေမယ့် မိမိကိုယ်ကို အလွန်ဆုံး ၇ရက်အတွင်း ထွက်သွားရမည်ဟု ပြောနေမိ​၏။

ဒီ၇ရက်အတွင်းမှာ သူ ကျွန်တော့်ကို မုန်းဖို့ အတတ်နိုင်ဆုံးကြိုးစားရမည်။ ကျွန်တော့်ကို မုန်းလွန်းလို့ သေသည့််တိုင်ဘယ်တော့မှ မဆက်သွယ်တော့အောင် လုပ်ဖို့။ကျွန်တော် သေပြီးသည်အထိ ကျွန်တော်နှင့် အကြာကြီးမနေခဲ့တာကိုဝမ်းသာနေမည့် မေ့မရနိုင်သောအမုန်းမျိုးဖြင့် မုန်းတာက အကောင်းဆုံးပင်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now