Chapter - 78

4.3K 709 64
                                    

『Unicode 』

အခန်း ( ၇၈ ) : ငါကြည့်နေခဲ့တာ မင်း

※※※※※※※※※※※※※※※※※※※※

ခွဲစိတ်မှုကို နေ့လယ်ပိုင်းမှာ စီစဉ်ထား​၏။ ကျွန်တော်လည်း မနက်ခင်းပိုင်းမှာ ခွဲစိတ်ရန် အကြို-ပြင်ဆင်မှုတွေပြုလုပ်ရပြီးရန်ချင်းကျွမ်း ကိုယ်တိုင် ကျွန်တော့်ဆံပင်တွေကို ရိတ်ပေးခဲ့သည်။

ဆံသကတ်ကြေးက နားကြားမှာ တကျိကျိမြည်၍ဖြတ်သွားသည်နှင့် မည်သည့် အမွေးမှ မကျန်ရစ်တော့ပေ။

" ငါ့ဆံပင်တွေက ပျော့တယ်လို့ထင်လား ? "

ကျွန်တော့်အမေးကို ကြားလျှင် ရန်ချင်းကျွမ်းကတ်ကြေးကိုအရှိန်ကိုလျှော့က သူ့အသံက ရုတ်ခြည်းတိုးလျသွားသည်။

" အင်း " သူက မရိတ်ရသေးသော ဆံပင်တစ်ဝက်ကို ပွတ်ပေးပြီး ဆိုသည်: " အမွေးလုံးလေးတွေလိုပဲ "

သူ​၏ တင်စားမှုကြောင့် ကျွန်တော် ရယ်ချင်သွားရကာ အစည်းထဲမှ လက်ဆန့်၍ ပြုတ်ကျသွားသော ဆံပင်များကို ထိရင်းဆိုလိုက်​၏။

" မင်းမပြောနဲ့နော် ငါ့ဆံပင်တွေက နဂိုမွေးတုန်းက ခွေခွေလေးတွေ။ ငါတိို့နိုင်ငံမှာ ဆံပင်မရိတ်တဲ့ ကလေးတွေက ဆံပင်ပျော့ပြီးပါးလိမ့်မယ်လို့ ဆိုစမှတ်ရှိတယ်လေဒါပေမယ့် အမေက ငါ့ဆံပင်အခွေလေးတွေက ကောင်းတယ်ထင်လို့ ရိတ်ပေးဖို့ ငြင်းခဲ့တာ။ အဲ့လိုဆိုတောင် ကြီးလဲလာရော ဆံပင်တွေ ပျော့ပြီး အခွေလေးတွေ ပျောက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ ? "

ကံကောင်းစွာနှင့် ဆံပင်သားကပျော့ပြီး မကောင်းသော်လည်း ပမာဏကတော့ လုံလောက်လေသည်။ လျှော်ပြီးလို့ ဆံပင်လေမှုတ်လိုက်တိုင်း ပွယောင်းယောင်းလေး ဖြစ်နေတတ်​၏။

" ဒါဆိုလဲ ငါ့ဆံပင်ကျ အရမ်းကြမ်းတယ်။ ကြည့်ရတာ ငါ့အဖွားက ငါကလေးတုန်းက ခေါင်းခဏခဏရိတ်ပေးခဲ့တာနေမယ် "

သူက ပြောရင်းနှင့် လက်တွေကို ဆက်အလုပ်ပေးနေ​၏။ စကားနှစ်ခွန်းအတွင်းမှာပဲ ကျွန်တော့်ခေါင်းတစ်ခုလုံး အေးခနဲ့ခံစားလိုက်ရသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now