Chapter - 42

3.5K 612 29
                                    


『Unicode 』

အခန်း ( ၄၂ ) : ရှေ့ဆက်လမ်းတစ်လမ်း ဖောက်ဖို့ ကြိုးစားရုံသာ။

※※※※※※※※※※※※※※※※※※※※


အရင်က နန်ရှန်သည် ကျွန်တော်ကဂေးဟု ထင်ခဲ့ပြီး ယခု ရန်ချင်းကျွမ်းကလဲ ကျွန်တော့်ကို ထိုသို့ထင်ခဲ့သည်။သို့တိုင်ကျွန်တော်မဟုတ်ကြောင်း သက်သေပြဖို့ လက်ဆုပ်လက်ကိုင်သက်သေဟူ၍ မရှိပါချေ။

ဘယ်လိုရှင်းပြရမလဲ ? အမှန်တကယ် သေတော့မှာဖြစ်လို့ ၊ သူ့ဘဝရဲ့ နောက်ဆုံး လအနည်းငယ်ကို ပင်ကိုယ်သိစိတ်နှင့်အတိတ်မှာ ကျူးလွန်ခဲ့ဖူးတဲ့ အမှားတွေအတွက် ပြေရာပြေကြောင်းလုပ်ဖို့ သုံးလိုပါတယ်လို့လား ?

ဒီလိုပြောပြစရာ အကြောင်းမရှိပေ။

" ငါ..."

ကျွန်တော်တို့ ချုန်းဟိုင်သို့ ပြန်ရောက်ပြီး ရန်ချင်းကျွမ်းက ပါကင်ထိုးမည့်ကောင်လေးအား ကားလွှဲပေးလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် ကျဉ်းမြောင်းသော တံတားရှည်ပေါ်လျှောက်လာကာမှ ကျွန်တော့်မှာ စကားပြောဖို့ အခွင့်အခါသင့်​၏။

"......ငါတို့က မဖြစ်နိုင်မှန်း ငါသိတယ် "

ရန်ချင်းကျွမ်းက ရပ်သွား၍ ကျွန်တော့်ကို ပြန်လှည့်ကြည့်လာသည်။.

​ပင်လယ်လေညှင်းက ညှီနံ့နှင့်ဆားပါ​၏။ လေကြောင့် ကျွန်တော့်အင်္ကျီအစွန်းက လှုပ်ခတ်သွားကာ ဆံပင်ကလဲ မျက်နှာပေါ်တဖျပ်ဖျပ်လှုပ်ပြီး ကျွန်တော့်အမြင်အာရုံကို ပိတ်ဆို့လာ​၏။

" မင်း ငါ့ကို အဲ့လိုမျိုး သဘောကျတာ မဟုတ်ဘူး ၊ ငါသိတယ်။ မပူပါနဲ့ ငါအထင်မလွဲပါဘူး "

ကျွန်တော် သူ့အနားတိုးလျှောက်သွား၍ ခေါင်းမော့ကာ ပြုံးပြလိုက်မိသည်။

" သရုပ်ဆောင်တာလေ၊ ငါနားလည်ပါတယ် "

ကျွန်တော် သူ့တုံ့ပြန်မှုကို မစောင့်တော့ပဲ တစ်ယောက်တည်း အရှေ့ကို လျှောက်လာမိတော့​၏။

ကျွန်တော်တို့နှစ်ယောက်လုံး ရန်မဖြစ်ခဲ့ကြသော်လည်း တစ်မျိုးတမည်တော့ နေရခက်နေသည်။ ကျွန်တော်က အမှားတွေပိုလုပ်မိနေမှာစိုး၍ လှေပေါ်ကတက်သည်နှင့် ရန်ချင်းကျွမ်းနှင့် ထိတွေ့ခြင်းများကို ရှောင်ခဲ့သည်။ သူနှင့် တိုးဝှေ့ထိုင်မည့်အစား ကျွန်တော်က ခွာထိုင်​၏။ အဆောက်အအုံသို့ ပြန်ရောက်သောအခါမှာလည်း ကျွန်တော်က တစ်ခွန်းမှ မဆိုပဲ အိမ်ထဲ တန်းဝင်ခဲ့သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now