Chapter - 47

3.4K 609 44
                                    

『Unicode』

အခန်း ( ၄၇ ) : ဒါဆိုလဲ သင်ရုံပေါ့။

※※※※※※※※※※※※※※※※※※※※


Warning / Slightly NSFW


ကျွန်တော် ကျောင်းတက်စဉ်အချိန်က စာလေ့လာခြင်းများနှင့် အလုပ်များခဲ့သည်။ ကျောင်းကထွက်ပြီးနောက် ပထမဆုံးနှစ်နှစ်မှာလဲ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်များရပြန်​၏။ ထို့နောက်မှာတော့ ကျွန်တော် အလုပ်များတာလျော့ပါးလာခဲ့သည်။ တချို့လူများက ကျွန်တော့်အား လူတချို့နှင့် မိတ်ဆက်ပေးဖူးခဲ့သည့်တိုင် ထိုလူများအားလုံးဟာတိုတောင်းလှသည့်ဆက်ဆံရေးအပြီး မည်သည့်ပြဿနာမှမရှိပဲ အဆုံးသတ်သွားသည်ချည်းသာ။

ခြွင်းချက်မရှိ။ သူတို့ဟာ ကျွန်တော့်သည် အလွန်ကောင်းမွန်သောပုဂ္ဂိုလ်၊ ကောင်းမွန်သောအကျင့်စရိုက်ရှိသည်ဟု တွေးကြသည့်တိုင် ကျွန်တော့်ကို နားလည်ကြဖို့တော့ ခက်ခဲလေသည်။

ကျွန်တော်အဖို့ လူကောင်းကဒ်များစွာအား တစ်ယောက်ပြီးတစ်ယောက် ပို့ပေးခံခဲ့ရသည့်တိုင် တဖြည်းဖြည်းနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးလာကြတာ နည်းသထက်နည်းလာတော့သည်။ ထို့အပြင် ကျွန်တော်ကလဲ တစ်ယောက်တည်းဖြစ်ရခြင်းက မှားယွင်းနေသည်ဟု မထင်ခဲ့။ ဒီနှစ်တွေအတွင်း ကျွန်တော် တစ်ကိုယ်တည်းဖြစ်ခဲ့​၏။ ယခု ပြန်တွေးကြည့်ပါမှ ဒီအကြောင်းကြောင့် နန်ရှန်ကလဲ ကျွန်တော့်​၏ လိင်စိတ်တိမ်းညွတ်မှုမှာ တစ်ခုခုမှားယွင်းနေသည်ဟု တွေးမိခဲ့ပုံရသည် ?

" မင်း လုပ်ဖူးလား ? " ရန်ချင်းကျွမ်းက မြေပေါ်ဆင်းလာပြီး အပြောင်အပြက်မပါဘဲ ထပ်မေးခဲ့သည်။

သူသည် အလွန်လေးနက်နေသောကြောင် ကျွန်တော်ပဲ အရမ်းညစ်ပတ်ပြီး " လုပ် " ​၏ အဓိပ္ပာယ်ကို အထင်လွဲမိလေးသလားဟုပင် သိချင်လာရသည်။

" မင်း ဘာကို ဆိုလိုတာလဲ ? "

ကျွန်တော်အမှားမလုပ်မိစေရန် ရှင်းရှင်းမေးမှရမည်။

သူ့မျက်လုံးတွေက စုံခြည်ဆန်ခြည်ရွှေ့သွားပြီးမှ ကျွန်တော့် ခွကြား​၏ အဓိကနေရာကို ရောက်ကာ ပြုံးလိုက်သည် : " မင်းက တခြားဘာထင်လို့လဲ ? "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now