Chapter - 59

3.4K 668 24
                                    


『Unicode』

အခန်း ( ၅၉ ) : ငါ့နံဘေးကနေ ဖြစ်သလို ထွက်မသွားနဲ့။

※※※※※※※※※※※※※※※※※※※※




ကျွန်တော့်လည်ချောင်းမှာ ခြောက်ကပ်နေ၍ အသံကို မနည်း ထွက်အောင်လုပ်လိုက်ရသည် : " ရန်ချင်းကျွမ်းရဲ့အဖေက.... "

ကျန်းလုံကျွင်းက စကားဖြတ်ကာ : " ငါအမြဲတမ်း သူ့ကို ကျေးဇူးကြွေးတင်နေခဲ့တာပါ "

ဆံပင်ဖြူတွေနှင့် ရှိရင်းစွဲအသက်ထက်ပိုအိုပုံရသော ဒါရိုက်တာကျန်းဟာ သူ့စကားကို မဆက်ပဲ ၊ သည်မှာရပ်လိုက်ပြီးကျွန်တော့်ကို စိတ်ကူးကြည့်ရန်အတွက် အဆုံးမဲ့နေရာစာ ချန်ထားပေးခဲ့လေသည်။

ရန်ကျန်သည်လည်း လျှို့ဝှက်ရဲအရာရှိဖြစ်နေခဲ့လျှင် ရန်ချင်းကျွမ်းက သူနှင့်တူသည်ဟု အားလုံးက ပြောကြသည်မှ မဆန်းတော့။သူတို့ အကျင့်စရိုက်ကို ဘေးချိတ်၍ သူတို့​၏ ရွေးချယ်ရာဘဝလမ်းကိုသာ ပြောလျှင်တောင် သူတို့နှစ်ယောက်ဟာ အံ့ဩရလောက်အောင် တူညီကြလေသည်။

ခင်ဗျားမပြီးတဲ့အရာကို ကျွန်တော် အပြီးသတ်မယ် ; ခင်ဗျား ကာကွယ်မပေးနိုင်ခဲ့တဲ့အရာတွေကို ကျွန်တော်က ကာကွယ်ပေးပါ့မယ်။ သေသွားမယ်ဆိုရင်တောင် နောင်တမရှိပဲ ဆက်လျှောက်မယ်။ ပြန်လည်ဝင်စားသကဲ့သို့ ကံကြမ္မာ​၏သဘောတရားက စိတ်ကို ထုံကျင်လာစေခဲ့ခြင်း။

ရန်ချင်းကျွမ်းတစ်ယောက် ဤအလုပ်ကို အမွေဆက်ခံခဲ့စဉ်က မည်သို့ ခံစားရမည်နည်း ?

​သူ့အတွက် သေသည်အထိတိုင် သူအမြဲမုန်းတီး၍ နားလည်မှုလွဲခဲ့သော အဖေဖြစ်သူအကြောင်း သိလိုက်ရတဲ့အခါ မည်သို့သော နောင်တနှင့်နာကျင်မှုတွေ ခံစားခဲ့ရမည်နည်း ? အရင်းနှီးဆုံး မိသားစုတွေထံမှ မုန်းတီးခံရပြီး ၊ သူ့လုပ်ရပ်တွေကိုလောကတခွင် လူသိရှင်ကြားထုတ်မပြနိုင်ခဲ့ပဲ အမဲစက်နှင့်သာ မြှုပ်နှံခံခဲ့ရတာကိုလေ....

ဒီနှစ်တွေမှာ သူတစ်ယောက်တည်း ဘယ်လိုရှင်သန်ခဲ့မည်နည်း ?

ကျွန်တော် နှုတ်ခမ်းစေ့လိုက်မိပြီး လျှာဖျားက သွားကြားကိုထိကာ ရုတ်တရက် ရင်ဘတ်ထဲမှာ ထိုးစိုက်သလို နာကျင်လာရ​၏။ ပထမတုန်းက သတိမမူမိပဲ သည်းညည်းခံနိုင်သေးသည့်တိုင် အချိန်တွေကုန်လာသည်နှင့်အမျှ ဆက်တိုက်စပ်ဖျဉ်းဖျဉ်းဖြစ်လာခြင်းက အရိုး၏ အသားအား ဖြတ်သွားသည့် နာကျင်မှုအဖြစ်သို့ တဖြည်းဖြည်း ပေါင်းဆုံသွားသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now