Chapter - 63

3.7K 709 75
                                    

『Unicode 』

အခန်း ( ၆၃ ) : မင်းရင်ထဲမှာ သူက ငါ့ထက် ပိုအရေးကြီးတာလား ?

※※※※※※※※※※※※※※※※※※※※ 



ဒါသည် ကမ္ဘာပေါ်ရှိ တခြားသူများနှင့် မတူသော မကောင်းတာလုပ်တာကို မိလိုက်သည်မြင်ကွင်းအစစ်အမှန်ပေ။

ရန်ချင်းကျွမ်း​၏ ဘယ်လက်က ပတ်တီးစည်းထားရတုန်းဖြစ်ပေမယ့် ယခင်ကထက် အများကြီး ပေါ့ပါးကာ ပိုကွေးဆန့်လာနိုင်ပုံပင်။ သို့ပေမယ့် အကြောင်းအရင်းတချို့ကြောင့် မူလကလည်ပင်းမှာတက်တူးရှိသည့်နေရာက ထိခိုက်ထားကဲ့သို့ပိတ်တစ်စနှင့် ကပ်ထား​၏။

" ယွိ့ရှီး တစ်ဘူးလောက်.... " ရန်ချင်းကျွမ်းက ထိုသည်ကိုကြည့်ရင်း ကောင်တာနောက်က အရောင်းစာရေးမကို ပြောလိုက်သည်။

ကြီးမားလှသော သားရဲကြီးနှင့်ရင်ဆိုင်ရလျှင် စိတ်ထဲမှာ မည်မျှ မဝံ့မရဲဖြစ်၍ အော်ဟစ်မိနေပါစေ ၊ အနည်းဆုံးတော့အပြင်ပန်းသွင်ပြင်သည် စိတ်အေးလက်အေးနှင့် သူ့အား သာတူမျှတူ ဆန့်ကျင်နိုင်သော ပုံပေါ်နေရမည်ဖြစ်သည်။အကြည့်လွှဲလို့မရနိုင်သလို ၊ လှည့်ထွက်ပြေးလို့လဲ မရ​၏။ မဟုတ်ပါက မရဏတစ်ခုကသာ စောင့်ကြိုနေလိမ့်မည်ပင်။

ကျွန်တော် ရန်ချင်းကျွမ်းကို ကြည့်နေခိုက် အပေါ်က စာလုံးများက မသိလိုက်မသိဘာသာနှင့် စိတ်ထဲမှာ ပေါ်လာခဲ့တာဖြစ်သည်။ ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က အမှတ်တမဲ့နှင့် ကျွန်တော့် ဂူကိုထိလိုက်သကဲ့သို့ သူ့ကို ဆက်ပြီးကြည့်နေခဲ့မိ​၏။

" ကျိနင် ? " ကျောက်ဖုန်းက ကျွန်တော် အချိန်အတော်ကြာမတုံ့ပြန်တော့ပဲ အနောက်သို့ ကြောင်စီစီနှင့် စိုက်ကြည့်နေတာကိုမြင်လျှင် ကျွန်တော့်အကြည့်အတိုင်း ခေါင်းရှုပ်ထွေးစွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။

ထို့နောက် ၊ သူလည်း ရန်ချင်းကျွမ်းကိုမြင်ပြီး မှတ်မိသွား​၏။

ကျောပြင်က မတ်ခနဲ့ ဖြစ်၍ ကျောက်ဖုန်းဟာ အမြန်ပြန်လှည့်လာကာ သူ့နဖူးသူ ပြန်ရိုက်ရင်း အထိတ်တလန့်ဆိုသည် : " အိုး မဟုတ်သေးဘူး။ ငါ ထင်ယောင်ထင်မှားတွေဖြစ်နေပြီ "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now