Chapter - 29

3.9K 605 17
                                    

『Unicode 』

အခန်း ( ၂၉ ) : ငါမင်းကို အိပ်ရာတစ်ဝက်မျှပေးမယ်။

※※※※※※※※※※※※※※※※※※※※



ဘာတွေတွေးနေတာလဲ ? ယနေ့သည် ကျွန်တော့်​၏ စိတ် အလွတ်လပ်ဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ကျွန်တော်ဟာရန်ချင်းကျွမ်း​၏ အမိန့်အရ လိုက်ပါပြီး လုံးဝမစဉ်းစားပဲ လှုပ်ရှားနေခဲ့တာပင်။ ရန်ချင်းကျွမ်းက ဒီဆိုလိုရင်းကို ဘာလဲလို့မေးသည် ? ကျွန်တော် တစ်ခုခုမှားလုပ်မိလို့လား ? မဟုတ်လျှင်လဲ သူမေးခဲ့တာက ဒီအချိန်မှာ ကျွန်တော်တွေးနေတဲ့အရာမဟုတ်ပဲ ကျောပြင်က တက်တူးကိုမြင်ပြီး နားမလည်နိုင်သေးတဲ့ ခံစားချက်မျိုးလား ?

" ငါက...."

ကျွန်တော် မျက်နှာတစ်ခြမ်းလှည့်လိုက်မိ​၏။ မျက်လုံးစွန်းမှသည် ရန်ချင်းကျွမ်းက ဆေးရည်ဘူးကို တစ်ဝက်မြှောက်ထားဆဲမှန်းမြင်လိုက်ရသဖြင့် အဝတ်ကို ဖြစ်သလို အောက်မချဝံ့ပေ : " ....တောင်းပန်ပါတယ် "

ဘာပဲဖြစ်ပါစေ မိမိအမှားကို အရင်ဝန်ခံရမည်။ အတိတ်တုန်းက အမေဒေါသထွက်ချိန်တိုင်း ကျွန်တော့်အမှား ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော်ဟာ မှားကြောင်းဝန်ခံပြီး အသနားခံရသည်။ သို့မှသာ သူမက စိတ်ပျော့သွားပြီးကြမ်းကြမ်းတမ်းတမ်းမရိုက်မှာပင်။

သို့သည့်တိုင် ရန်ချင်းကျွမ်းကမူ အကြိမ်တိုင်း ကျွန်တော်​၏ အမှားဝန်ခံသည့်အကျင့်ကို ကျေနပ်ပုံမရ။

သူက ခဏမျှတိတ်နေပြီးမှ ဆိုလာသည် : " မင်း အမြဲတမ်း တောင်းပန်ပါတယ် ' ပဲ ပြောတတ်တာကို သတိရောထားမိလား? ဒီစကားသုံးလုံးက မင်း ဆောင်ပုဒ်လိုမျိူးပဲ။ မင်းရဲ့အဲ့ဒီအပြုအမူကလဲ စိတ်ရှုပ်စရာကောင်းမှန်း မင်းသိတယ်မလား ? အဲ့ဒါက ငါ့လက်စွပ်ကို လက်လွတ်စပယ်ကိုင်ပြီးမှ အလျော်အစားအနေနဲ့ ငါ့ကို ပိုစျေးကြီးတဲ့ လက်စွပ်ဝယ်ပေးခဲ့သလိုမျိုး။ မင်းသိနေပါတယ်။ ဒါပေမယ့် မင်းက မပြောင်းလဲချင်ရုံပဲ။ရှေ့လျှောက်လဲ မင်း တောင်းပန်ပါတယ်ပြောဦးမှာ ဘာလို့လဲဆိုတော့ မင်းရဲ့အကျင့်ဆိုးတွေကို ပြောင်းဖို့ အချိန်ယူရတာထက် ' တောင်းပန်ပါတယ် ! လို့ ပြောရတာ ပိုလွယ်တာမို့လို့လေ။ "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now