Chapter - 46

3.4K 634 30
                                    

『Unicode 』

အခန်း ( ၄၆ ) : မင်းတို့က ဘယ်ဌာနကလဲ ?

※※※※※※※※※※※※※※※※※※※※



စူးနင့်လှသော ထိုးဖောက်နာကျင်မှုတစ်ခု ဦးနှောက်အတွင်းပိုင်းထဲမှ ရုတ်တရက် မြင့်တက်လာကာ အစိတ်စိတ်အမြွှာမြွှာနှင့် မရင်းနှီးသောပုံရိပ်များက လိုက်ပါလာ​၏။

ရန်ချင်းကျွမ်းက သွေးအိုင်ထဲမှာ သတိမရှိတော့ပဲ လဲနေတာ...

လင်းရှန့်က ကျွန်တော့်ပုခုံးကို ဖက်၍ အပြုံးနှင့်ဆိုခဲ့သည် : " ငါမင်းကို ကူညီနိုင်တယ်၊ ဒါပေမယ့် မင်း ဒီကစ္စထဲမှာ ဝင်ပါလို့မရဘူးဆိုတဲ့ သဘောတူညီချက်တော့လုပ်ရမယ်။ ".......

ဝေလီဝေလင်း၌ ၊ ကျောက်ဖုန်းက အတားပေါ်မှာထိုင်၍

လက်ထဲမှာ အင်္ဂလိပ်စာအုပ်ကိုင်လျက် ကျွန်တော့်ကို မော့ကြည့်နေသည်........

အတိတ်မှ မှတ်ဉာဏ်များက ပရမ်းပတာနှင့် ဝိုးတဝါးဖြစ်နေကာ ယခုကျွန်တော်နှင့် ၎င်းတို့ကြားမှာ ပိတ်ဆီးထားသောအလွှာကြီးက အမြဲရှိနေသကဲ့သို့ပင်။ သူတို့က ကျွန်တော့်အရှေ့နီးနီးကပ်ကပ်မှာရှိနေသလိုပေမယ့် ၊ ၎င်းတို့ကို လက်ဆန့်ထိကြည့်လိုက်လျှင် အားလုံးက ဘာမှမရှိတော့သလို ပြောင်းလဲသွားပြန်သည်။

" ငါ......"

မတည်ငြိမ်သောအားကြောင့် ကျွန်တော် စက္ကူခွက်ကို ညှစ်လိုက်မိရာ အထဲမှ ရေတွေ လျှံကျ၍ ကျွန်တော့်ဘောင်းဘီကိုစင်ကုန်သည်။

ကျွန်တော် စက္ကူခွက်ကို အမြန်ဖယ်လိုက်မိ​၏။ ရန်ချင်းကျွမ်းက ချက်ချင်းထရပ်ကာ ကော်ဖီစားပွဲပေါ်က တသျှူးတချို့ကို ယူပြီး ကျွန်တော့်ကို သုတ်ပေးလာသည်။

" မင်းအရမ်းစိတ်လှုပ်ရှားသွားတာလား ? " သူက တသျှူးမြောက်မြားစွာထုတ်ယူ၍ ကျွန်တော့်ဘောင်းဘီအစိုပေါ်ကို ဖိပေးသည်။ ရေက ပျံ့တာမြန်သောကြောင့်မကြာမီိမှာပင် ပေါင်မှ ခြေဖနောင့်အထိ ပျံ့နှံ့သွား​၏။

ကျွန်တော်တို့မှာ ပွင့်လင်းသောဆက်ဆံရေးရှိနေသည့်တိုင် သူ့အတွက် ဤနေရာကို လာထိဖို့တော့ နည်းနည်း ထူးဆန်းနေဆဲပင်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now