Chapter - 60

3.7K 668 37
                                    


『Unicode 』

အခန်း ( ၆၀ ) : တချို့ရေစက်တွေက ဖြတ်လို့မရဘူး။

※※※※※※※※※※※※※※※※※※※※

ရန်ချင်းကျွမ်း​၏ ဒဏ်ရာများတွင် အများစုမှာ အရေပြားဒဏ်ရာများဖြစ်ပြီး ဆိုးဆိုးရွားရွား မဟုတ်သည့်တိုင် သူဟာဖြည်းဖြည်းချင်းပြန်ကောင်းရန် ကုတင်ပေါ်မှာ အတော်ကြာအောင် နေဖို့လိုသေးသည်။

သူ့ခန္ဓာကိုယ်ပေါ်က အပြင်းထန်ဆုံးတစ်ခုမှာ လေးငါး စင်တီမျှရှည်သော ဗိုက်အောက်ပိုင်းပေါ်က ထိုးသွင်းရာဖြစ်သည်။တိုက်ပွဲအတွင်း၌ ခုံထန်က သူ့ကို ဓားမြှောင်ဖြင့် ထိုးခဲ့တာပင်။

" သူက တော်တော်ဘဝင်မြင့်လွန်းတယ် " အနှီ သေရေးရှင်ရေး အတွေ့အကြုံအကြောင်း ပြောနေသည့်တိုင် ရန်ချင်းကျွမ်းဟာ အလွန်တရာ အေးဆေးနေပုံ။

" သူသာ တစ်ခါတည်း ပစ်သတ်ခဲ့လိုက်ရင် ငါ့မှာရှင်နိုင်စရာမရှိတော့ဘူး "

ခုံထန်သည် ရန်ချင်းကျွမ်းအား တစ်ချက်တည်းနှင့် ပစ်သတ်လိုက်ခြင်းက သူ​၏ အမုန်းတရားတွေကို ပြည့်ပြည့်ဝဝ မကျေနပ်စေနိုင်ဟု ခံစားခဲ့ရပုံပင်။ ထို့ကြောင့် သူဟာ ဓားမြှောင်ကို ရွေးချယ်၍ လည်မြိုလှီးသတ်ဖို့ ပြင်ခဲ့​၏။ သူကကိုယ်ခံပညာမကောင်းတာကြောင့် ရန်ချင်းကျွမ်းက ဓားမြှောင်ယူသွားလိမ့်မည်လို့တော့ မည်သူက တွေးမိမည်နည်း ? တိုက်ပွဲပြီးနောက် ဘယ်သူမှ မသေသော်လည်း သူကပင် ရန်ချင်းကျွမ်းထက်ပို၍ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လေသည်။လက်ရှိတွင် သူဟာ တခြားဆေးရုံ၌ ကုသမှုခံယူနေပြီး နှစ်ဝက်လောက်လှဲနေရပြီးမှ ပြန်နလံထနိုင်မည်ဖြစ်​၏။

ဒီလိုကြည့်ရလျှင် ကျွန်တော်တို့တွေ အသက်ရှင်လျက်နှင့် ပြန်ဆုံနိုင်ဖို့အတွက် ထီဆုကြီးပေါက်သလောက် ကံကောင်းခဲ့တာဖြစ်သည်။

" မင်းရော ? မင်းရော အန္တရာယ်တွေနဲ့ ကြုံခဲ့ရသေးလား ? " ရန်ချင်းကျွမ်းက ကုတင်ပေါ်မှုလှဲလျက် အနည်းငယ်အိပ်မှုန်စုံမွှားဖြစ်နေခဲ့သည်။

ကျွန်တော် သူ့အတွက် စောင်လျှိုသွင်းပေးရင်း ခေါင်းခါကာ ပြောလိုက်သည်။ " ဟင့်အင်း ၊ ငါ့ကိုယ်မှာ ဆာကာမိုတိုရဲ့တက်တူးရှိတယ်လေ။ သူတို့ ငါ့ကိုမထိရဲကြဘူး။ ငါက အမြဲတမ်းဘေးကင်းတယ် "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now