Chapter - 28

3.6K 624 26
                                    

『Unicode』

အခန်း ( ၂၈ ) : ကျိနင် ၊ မင်းဘာတွေ တွေးနေတာလဲ ?

※※※※※※※※※※※※※※※※※※※

တစ်စုံတစ်ယောက်နှင့် အိပ်ခဲ့သူက ကျွန်တော်ဖြစ်နေမယ်လို့တော့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့။

"....... တောင်းပန်ပါတယ် " ကျွန်တော် ခပ်တိုးတိုးပြောရင်း မိမိကိုယ်ကို ရန်ချင်းကျွမ်းနှင့် နေရာခြားလိုက်မိသည်။

သူက မဖြေပါ။ သူက အိပ်ရာမှ ခေါင်းငိုက်စိုက်လျက် ထထိုင်၍ မျက်ခုံးတွေ တွန့်ချိုးနေခဲ့သည်။ သူက ထိုအတိုင်း ခဏလောက်နေနေပြီး မျက်နှာက အလွန်ဆိုးရွားနေ​၏။

သူဒီလိုဖြစ်တာ ကျွန်တော် နှောင့်ယှက်လိုက်၍ ကောင်းကောင်း မအိပ်ရသောကြောင့်ဟု ထင်မိသဖြင့် ကျွန်တော် တစ်မနက်ခင်းလုံး ကတုန်ကယင်ဖြစ်နေတော့သည်။သူ သွားတိုက်လျှင် ကျွန်တော်က သွားတိုက်ဆေးညှစ်ပေးသည် ; သူကော်ဖီသောက်လျှင် နိူ့ထည့်ပေးသည် ; သူ အပြင်ထွက်လျှင် ကျွန်တော်က အင်္ကျီချိတ်မှ ကုတ်ကိုအမြန်ဆွဲယူကာ သူ့ကိုကမ်းပေးသည်။

သူက လက်ထဲက ကုတ်အင်္ကျီကို တစ်ချက်ကြည့်၍ ပြီးမှ ကျွန်တော့်ကို ပြန်ကြည့်လာကာ ဘာစကားမှ မဆိုပဲ ကုတ်ကိုဆွဲယူပြီး ဝတ်လိုက်သည်။

" မင်း မင်းကြည့်ရတာ နေကောင်းတဲ့ပုံစံမဟုတ်ဘူး။ခဏလောက် နားချင်လား ? "

သူတို့လို လူ့အဖွဲ့အစည်းတွေက ကိုးကနေငါး *ပုံစံမျိူးလဲမဟုတ်လောက်ဟု ကျွန်တော်ထင်မိသည်။ တာဝန်ကျရာမှာ ဘယ်သူမှ မစစ်ဆေးလောက်ပေ။ စောသွားသွား ၊ နောက်ကျမှ သွားသွား ဘာမှ ကွာခြားနေမည် မဟုတ်​၏။

( မနက် ကိုးနာရီ ၊ ညနေ ငါးနာရီ ပုံသေအလုပ်တက်ချိန်တွေကိုဆိုလိုတာပါ )

" တော်ပြီ။ ဒီတိုင်း သွေးတွင်း သကြားဓာတ်နည်းရုံပဲ ၊ပြီးရင် ပြန်ကောင်းသွားလိမ့်မယ် "

ရန်ချင်းကျွမ်းက သူ့ကော်လာကုတ်ကို ချိန်ညှိလိုက်ပြီး ကျွန်တော့်သဘောကို နားမထောင်ပါချေ။

လက်စသတ်တော့ ဒေါသထွက်အောင်လုပ်တဲ့သူက ကျွန်တော် မဟုတ်ဘူးကိုး။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now