Chapter - 71

4.1K 708 28
                                    

『Unicode 』

အခန်း ( ၇၁ ) : ဂီတပညာရှင်ရဲ့ အကြားစွမ်းရည်။

※※※※※※※※※※※※※※※※※※※※

ရန်ချင်းကျွမ်းက သူ့နောက်အိတ်ထောင်ထဲမှ လက်ထိတ်သော့ကို ထုတ်ယူရန် လက်ချောင်းဖျားများဖြင့် လိုက်စမ်းလိုက်​၏။ ပြီးသော် အလျင်အမြန် ဖြုတ်လိုက်၍ ကင်မရာဆီသို့ လျှောက်သွားပြီး ပါဝါကို ဆွဲဖြုတ်လိုက်ကာ ကျွန်တော့်ဘက်လှည့်လာခဲ့​သည်။

" တိုက်ရိုက်ထုတ်လွှင့်မှုက ကြားဖြတ်ခံလိုက်ရတာ ဝမ်းနည်းစရာပါလား "

ကျင်ချန်ယွီက မျှော်လင့်ထားသလို စိတ်အေးလက်အေးအသံနှင့်သာ ဆိုသည်။

" နောက်လာမယ့် တစ်မိနစ်နဲ့တစ်ဝက်အတွင်း ဆုလေးနဲ့ အလောင်းအစားဂိမ်းတစ်ခုလောက် ငါတို့ ဆော့ကြမလား ? ဗုံးပေါက်မလား မပေါက်ဘူးလားဆိုတာလေ ? "

ရန်ချင်းကျွမ်းက ကျွန်တော့်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အရှေ့ရှိ ဖောက်ခွဲကိရိယာကို လေ့လာနေသည်။

တိုင်မာတွင် အချိန်သိပ်မကျန်တော့မှန်း သိသွားလျှင် သူ​၏ ပုံမှန် တည်ငြိမ်သောအမူအရာက အနည်းငယ် စိတ်စောလာခဲ့​၏။

" EOD *သမားရော ? " သူ​၏ ညာဘက်နားတွင် ဖောက်ထွင်းမြင်ရသော နားကြပ်တစ်ခု တပ်ထား​၏။ ခပ်သွယ်သွယ်ပိုက်တစ်ခုက သူ​၏လည်ပင်းနောက်ဘက်မှ အဝတ်အတွင်းထိ ရှည်လျားနေလျက်။ ယင်းက အပြင်ဘက်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အသုံးပြုသော အင်တာကွန်ဖြစ်ပေမည်။

( explosive ordnance disposal ; ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး။ )

" ဝူးဝူး ! " ကျွန်တော် ရန်ချင်းကျွမ်းကို ပါးစပ်မှ တိပ်အား ဖြည်ပေးရန် အရိပ်ပြလိုက်သည်။

" ဒီဗုံးက အရမ်းငြိမ်တယ်။ မကြောက်နဲ့ ဘာမှမဖြစ်ပါဘူး... " သူက လက်မြှောက်၍ တိပ်ကို ဖြည်ပေး​၏။

စင်စစ်တွင် ဤသို့သော အတိမ်းအစောင်းမခံသည့်ကာလ၌ အဒရီနလင်တို့​၏ မြင့်တက်မှုကြောင့် လူတွေဟာ ဘာထိတ်လန့်မှုမှ မခံစားရတော့ပေ။ ထို့ကြောင့် ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ရန် သူ့ကို ဖျောင်းဖျဖို့ အင်အားတွေသာ ကျန်နေသေးခဲ့​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now