Chapter - 13

3.9K 669 61
                                    

『Unicode』

အခန်း ( ၁၃ ) : မင်းအပေါ် ငါသည်းခံတာက အကန့်အသတ်ရှိတယ်။

※※※※※※※※※※※※※※※※※※※※



ကျွန်တော် မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကားထဲမှာ မဟုတ်တော့ပေ။ ဆေး​၏လက်ကျန် အစွမ်းများကြောင့် ကျွန်တော့်ခန္ဓာကိုယ်သည် လွန်စွာ လေးတွဲနေခဲ့ပြီး အတွေးတွေကတော့ မူးနေဆဲ အခြေအနေကဲ့သို့ ပို၍ နှေးကွေးပြည့်သိပ်နေခဲ့သည်။

ကျွန်တော့်လက်တွေကို အရှေ့မှာလက်ထိတ်ခတ်ထားပြီး ခြေထောက်လှုပ်လိုက်ပြန်လျှင်လဲ အလားတူပင် ပြုထားခဲ့သည်။

" မင်း နိုးပြီလား ? "

ကျွန်တော် ခေါင်းကို ရီဝေဝေနှင့်မော့၍ အသံလာရာနေရာသို့ မျက်လုံးအကြည့်စိုက်လိုက်သည်။

မှိုင်းပျပျအခန်းငယ်ထဲ၌ ခေါင်းအထက်ရှိ ခပ်ဖျော့ဖျော့ မီးအိမ်တစ်လုံးကသာ လင်းနေလျက်။ အလင်းက ကျွန်တော့်အရှေ့ရှိ သစ်သားစားပွဲကြီးပေါ်မှာ ဖြာကျနေပြီး ၎င်းအပေါ်မှာ တင်ထားသော ကိရိယာမျိုးစုံအား ပိုမို အေးစက်၍ကြောက်စရာကောင်းသယောင် ပုံဖော်ပေးနေသည်။ ခုံထန်က ခြေတစ်ဖက်ကွေးတင်လျက် စားပွဲပေါ်မှာရှိနေကာရှည်လျား၍ချွန်မြသော စူးသွားကို ကစားနေခဲ့​၏။

ကျွန်တော် ခဏမျှ ပြောစရာပျောက်သွားခဲ့ပြီး အတွေးများ တဖြည်းဖြည်း ပြန်ဝင်လာသော် ကြောက်စိတ်တွေ တဟုန်ထိုးမြင့်တက်လာခဲ့ရသည်။

" ခင်ဗျား...ရှယ်ကော.. ဘာလုပ်တာလဲ ? " ဆိုးရွားသောအခြေအနေအတွင်း ကျဆင်းခဲ့ပြီမှန်း ကျွန်တော် သဘောပေါက်လိုက်ရသည်နှင့် သူ့လက်ထဲမှ စူးသွားရှည်ကို စိုက်ကြည့်ရင်း ကျွန်တော် မသိလိုက်ပဲ တံတွေးမျိုချမိသည်။

ခုံထန်က လက်မြှောက်၍ စားပွဲရှည်ကြီးပေါ်မှ ခုန်ဆင်းကာ တဲ့ပင်မေးလာသည် : " မင်းနဲ့ လောင်ယောင်က ဘာဆက်ဆံရေးလဲ ? "

သူ​၏ အေးစက်၍ ကြောက်စရာကောင်းသော မျက်ဝန်းများဖြင့် ဆုံလိုက်လျှင် ကျွန်တော် နှလုံးသားအောက်ခြေမှသည်ဖိမ့်ဖိမ့်တုန်လာကာ တုန်ရီလျက် ဖြေပေးမိသည် : " ဆက်....ဆက်ဆံရေးဟောင်းပါ "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now