Chapter - 23

3.2K 588 22
                                    

『Unicode 』

အခန်း ( ၂၃ ) : ကောင်းကောင်း သင်မပေးခဲ့တာ ငါပါ။

※※※※※※※※※※※※※※※※※※※※



ကျွန်တော်က ကျွန်တော်ထင်ထားတာထက် ပိုစက်ဆုပ်စရာကောင်းတာပဲ။

" ကျိနင် ? မင်း အဆင်ပြေရဲ့လား ? " ကျောက်ဖုန်းက ကျွန်တော့်ရှေ့မှာ လက်ယမ်းပြလာပြီး :" မင်းအများကြီး သောက်ထားတာလား ? "

ကျွန်တော် သူ့ကို ဗလာကျင်းလျက် စိုက်ကြည့်နေပြီးမှလုံးလုံးလျားလျား အမှတ်ရလာ​၏။

" မတွေ့ရတာကြာပြီ..." ကျွန်တော် ပြောလိုက်သည်။

ကျွန်တော် သူ့ကို မှတ်မိသွားပြီးမှန်း တွေ့လိုက်ရလျှင် ကျောက်ဖုန်း​​​၏ မျက်လုံးတွေက ပီတိဖြာသွား​၏ : " မင်း လုံးဝမှ မပြောင်းလဲသေးတာပဲ။ တွေ့လိုက်တာနဲ့ မင်းကို ချက်ချင်းမှတ်မိသွားတာ။ အခု မင်း ဘာလုပ်နေလဲ ? "

တွေဆုံခြင်းက ကြမ္မာဖန်သော်လည်း သည်နေရာက မသန့်ရှင်းတာမို့ ကျွန်တော်တို့ သန့်စင်ခန်းထဲမှာသာ စကားပြောနိုင်သည်။

" လတ်တလောတော့ ငါ ကလေးတွေကို cello သင်ပေးနေတာ "

" ဆရာလား ? ဒီအလုပ်က မင်းနဲ့ကိုက်တာပဲ။ ဒီကို ပျော်ဖို့ရောက်လာတာလား ? "

" အင်း အတူ..." ရန်ချင်းကျွမ်းနှင့် လာခဲ့တာဟု ကျွန်တော် ပြောရန်အပြု ၊ သူတို့အရင်က မသင့်မြတ်ခဲ့ကြတာကို အမှတ်ရလိုက်တာကြောင့် ကျွန်တော် စကားပြန်ပြောင်းလိုက်​၏ : " ငါ သူငယ်ချင်းတွေနဲ့အတူလာတာ။ မင်းကရော ? "

ကျောက်ဖုန်းက တစ်ဖက်က စင်္ကြံထံညွှန်ပြလာပြီး : " ငါတို့ ကုမ္မဏီက ဒီနေ့ အဖွဲ့ဖွဲ့တာရှိလို့လေ "

ကံကောင်းလို့....ကျွန်တော် အသာလေး သက်ပြင်းချလိုက်မိသည်။

သူသည်ကား ရန်ချင်းကျွမ်းနား ကပ်နေသော ကောင်ငယ်လေးနှစ်ယောက်နှင့် ဆင်တူလွန်းစွာ ဝတ်စားထားတာပင်။ သူ ဝင်ခွင့်စာမေးပွဲ ကျပြီး သောက်စားပျော်ပါးရန် အဝေးကြီးရောက်သွားပြီဟု ကျွန်တော် ခန့်မှန်းမိလုမတတ်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now