{2} ZG

2.2K 29 0
                                    

အျဖဴေရာင္ပိုးသားအက်ႌရင္ဖံုး ၊အဖြူရောင် ချိတ်ထဘီလေး နဲ့ အတူ ဆံထုံး ပြေပြလေးအထက်မှာ တော်ဝင်သဇင်ပန်းတွေ ဆင်မြန်းထားပါသော သဇင်ဝင့်ဝါ ဟာ အလှပဆုံးသော သတို့သမီးလေး ဖြစ်လို့နေသည်။

သတို့သမီးလေးကို ပြင်ဆင်ပေးနေတဲ့ မိတ်ကပ် အပြင်အဆင်တွေကို ရှိုင်းသန့်မောင်မောင် ငေးကြည့်နေရင်း ကြည်နူးနေမိ၏ ။

သို့ပေမယ့် စိတ်မကောင်းလဲ ဖြစ်ရသေးသည်။

ယခု အဝတ်အစားတွေက မိဘတွေ စုံစုံလင်လင်နဲ့ လက်ထပ်ပွဲ အခမ်းအနားမှာ ဝတ်ဖို့ အတွက် ရည်းစူးခဲ့တုန်းက ချုပ်ထားတဲ့ အဝတ်အစားတြွေဖစ်သည့်အလျှောက် ယခုမူ မိဘများသာမက ဧည့်ပရိတ်သတ်တောင် မရှိဘဲ နှစ်ဉီးသဘောတူ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြမည့် အချိန်အတိုင်းအတာလေး တစ်ခုအတွက်သာ ဝတ်ဆင်ကြခြင်းဖြစ်သည်။

ရှိုင်းသန့်မောင်မောင်ကသာ စိတ်ထဲ မအေးချမ်းပေမယ့် သဇင်ဝင့်ဝါကတော့ အလြှပင်နေရင်း ရှိုင်းသန့်မောင်မောင်ကို ပြုံးပြနေတာ အကြိမ်ကြိမ်အခါခါပါပဲ။

မောင့်မျက်ဝန်းတွေကို ကြည့်ထဲကိုက မောင် စိတ်မကောင်းဖြစ်နေမှန်း ရိပ်မိနေတာကြောင့် မောင့်ကို အကြိမ်ကြိမ် ပြန်ပြုံးပြမိသည်။
မောင်က သူ(မ) စိတ်မကောင်းဖြစ်နေရင် ပိုစိတ်ဆင်းရဲမှာ သိသည့်အတွက်ကြောင့် ဖြစ်သည်။မောင်က နူးနူးညံ့ညံ့ အေးအေးဆေးဆေး သမားဖြစ်တဲ့ အပြင် အတွေးသမားဖြစ်တာကြောင့် မောင်အတွေးလွန်နေမှာကို မလိုလားဘူး။

အလြှပင်ဆင်ပြီးတာနဲ့ အဖြူရောင် တိုက်ပုံအင်္ကျီ၊ အဖြူရောင် တောင်ရှည် ပုဆိုး နဲ့အတူ အဖြူရောင် ခေါင်းပေါင်းကျက်သရေကို ဝတ်ဆင်ထားတဲ့ မောင့် လက်ကလေးအားတွဲကာ တရားရုံးဆီသို့ သွားတဲ့ လမ်းတစ်လျှောက်လုံး အပြုံးများဟာ နှစ်ဉီးသား မျက်နှာထက် ပွင့်လန်းလို့နေသည်။

တရားရုံးမှာ လက်မှတ်ထိုးပြီး အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာလဲ ရှိုင်းသန့်မောင်မောင်ရဲ့ လက်တစ်ဖက်က ကားမောင်းနေပြီး နောက်လက်တစ်ဖက်က ဝါ့လက်ဖဝါးနုနုလေးအား ဆုပ်ကိုင်ထားရင်း မောင်ဟာ ကြည်နူးနေမိသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now