{52} Uni

2.1K 92 33
                                    


မင်းသန့်ကိုကိုမောင်အနေနဲ့ မောင် ဘာကို ဆိုလိုချင်လဲ သိနေတာကြောင့် သူ့ခမျာ ရှက်နေရပါတော့သည်။ သူလဲ ယောက်ျားသားပေမို့  စိတ်ဆန္ဒ ရှိတာကို သိသည်။သူ့ကလေးဟာလဲ ကျားထဲက ကျားတစ်ယောက်ပေမို့ ကျားဇာတိ က ရှိပြီးသားပင်။ သူ့ကို ချစ်လွန်းလို့သာ အောက်မှာ နေပေးခြင်းပင်။ အမှန်တော့ မောင်က အောက်ပုဂ္ဂိုလ် တစ်ယောက်လဲ မဟုတ်။ဒါကို သူအတိအကျသိသည်။

"Baby နေပြန်ကောင်းရင် စားရမယ်နော်... "

လေသံအေးအေးလေးနဲ့ ဖြေရုံသာမကဘဲ သူ့မျက်လုံးတွေအား သေချာစိုက်ကြည့်ပြီး ဖြေဆိုတဲ့ အသံထဲမှာ တိကျသေချာမှုတွေပါဝင်နေသည်။

မောင်အခု နောက်ပိုင်း တအားနူးညံ့လာသည်။ မင်းသန့်ကိုကိုမောင်နဲ့ ပတ်သက်လာလျှင် သူ့ရဲ့ စိတ်တွေက နူးညံ့သလို မျက်ရည်လဲ လွယ်သည်။

မင်းသန့်ကိုကိုမောင်က အဖြောင့်ကောင်ကြီးလေ ။ သူကသာ ဘာဖြစ်ဖြစ်ရနေတာ ။ သူ့ကိုကိုက သူနဲ့ကျမှ ကွေးပြီး သူ တောင်းဆိုလိုက်တာနဲ့  လက်ခံပေးတာ ကြားရုံနဲ့တင် သူ့ကိုကိုက သူ့ကို သိပ်ချစ်မှန်းသိတော့ ဝမ်းသာ မျက်ရည်တို့က စီးကျလာသည်။

မင်းသန့်ကိုကိုမောင်ဟာ နူးညံ့စွာ ပြုံးပြရင်း မောင့်ပါးလေးအား အသာအယာ ပွတ်သပ်လျက်...

"အာ.... ကိုယ့် Baby က ပျော်ရွှင်သွားတာပါလား"

"ကိုကို့ ကို လေ သိပ်ချစ်တာပဲဗျာ"

"Baby နေပြန်ကောင်းတဲ့အခါကျရင် Baby သဘောနော် ....ကိုယ့်ကလေးလေး"

"ကိုကိုက ကျွန်တော့်အပိုင်း "

"ဟုတ်ကဲ့ပါ ခင်ဗျာ..."

မင်းသန့်ကိုကိုမောင်က မောင့်ကို သိပ်ချစ်သည်။ ဘယ်လောက်အထိ ချစ်သလဲ မသိရလောက်အောင်အထိကို အတိုင်းအဆမဲ့စွာ ချစ်နေမိသည်။ ဒီတစ်ခါ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုက ပျော်ရွှင်ဖွယ်ကောင်းသည်။

မောင်ကသာ နွယ်ရှင် ဆို အဲ့နွယ်ရှင် ကို ကိုယ်တိုင်သွား၍ ပတ်နွယ်စေမှာ သူကိုယ်တိုင်ပင်။

မောင့်ရဲ့ နေ့ရက်တိုင်းဟာ လေပြေတွေလို အေးချမ်းပြီး မိုးအုံ့နေသလို နေထိုင်လို့လဲ ကောင်းသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now