{16} Uni

3.2K 140 33
                                    

"Daddy    သူနဲ့ ကိုက်ညီမဲ့ နှလုံး တစ်ခုလိုချင်တယ်"

Daddy က တွေဝေတဲ့ မျက်လုံးတွေနဲ့ မေရှားအားပြန်ကြည့်လာ၏ ။ပြီးတော့ ဘာစကားမှ မပြောတဲ့အပြင် လေပူတွေပါ မှုတ်ထုတ်နေသေးသည်။

"Daddy ကိုယ်အင်္ဂါ အစိတ်အပိုင်း အရောင်းအဝယ်လုပ်တာ ကလေး သိတယ်နော် "

တကယ်လဲ ဦးခက်ထန်က ကိုယ်တွင်းအင်္ဂါတွေကို မှောင်ခို အရောင်းအဝယ်လုပ်သည်။ လူအရှင်လတ်လတ်ကို မသေမရှင်ဖြစ်နေချိန်မှာ ကလီစာတွေကို အစိမ်းလိုက်ခွဲထုတ်ပြီး ရောင်းတာကြောင့် တစ်စုံတစ်ယောက်က ဝယ်ယူမယ်ဆို ခွဲစိတ်ခန်းထဲမှာတင် ချက်ချင်းကိစ္စဖြတ်သည်။

လူအရှင်တွေကို သိုလှောင်ထားတာကြောင့် နှလုံးတစ်ခုလောက်က အဆင်သင့်ပင်။
သို့သော် ယခုသည် အလုပ်ကိစ္စတစ်ခုကြောင့် မြန်မာနိုင်ငံကို ရောက်နေသည့်အတွက် အခက်တွေ့ရသည်။

သမီးဖြစ်သူကလဲ လိုချင်ပြီဆို ဇွတ်ဖြစ်နေတာကြောင့် စိတ်ညစ်နေဆဲ အချိန်မှာတင် တပည့်တစ်ယောက်က ဦးခက်ထန် အနားကိုရောက်လာကာ သစ္စာဖောက်တစ်ယောက်ကို ဖမ်းမိထားကြောင်း တင်ပြတာကြောင့် ဦးခက်ထန် ပြုံးမိသွား၏ ။
သို့သော် သမီးဖြစ်သူကို စ နောက်ချင်တာကြောင့် ~~

"ဟူး......"

"Daddy လုပ်နိုင်တာ ကလေး သိတယ်"

"နှလုံး အစားထိုးတာ မလွယ်ဘူး ကလေး
သူနဲ့ ကိုက်ညီမဲ့ နှလုံး ဖြစ်ဖို့လဲ လိုသေးတယ် "

"သိတယ်လေ... အဲ့ဒါကြောင့်လဲ ကိုက်ညီမဲ့ နှလုံး ကို ရှာခိုင်းနေတာ "

"အင်း Daddy ကြိုးစားမယ် "

ခဏ အကြာမှာ Daddy နဲ့ Daddy တပည့် တစ်ယောက် ဟာ အပြင်ကို ထွက်သွားကြသည်။

Daddy ကိုယုံတယ်။ Daddy လုပ်နိုင်မယ်ဆိုတာ သိတယ်။

၁နာရီလောက် ကြာပြီးနောက် Daddy တပည့်ထဲက သွေးသံရဲရဲဖြစ်နေတဲ့ တစ်ယောက်ကို Daddy ကိုယ်တိုင် ဂုတ်ကနေ တရွတ်တိုက်ဆွဲခေါ်လာပြီး ခွဲစိတ်ခန်းထဲ ဝင်သွားတာကို မြင်လိုက်ရ၏ ။

Daddy က အခန်းဝကနေ မေရှားကို ပြုံးယောင်သန်းစွာနဲ့  မျက်လုံးတစ်ဖက်မှိတ်ပြသွားတာကြောင့် မေရှား ပျော်မိသွားသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now