{8} Uni

4.6K 213 21
                                    

"မွေးရပ်မြေ မော်လမြိုင် ထက် ခင်ဗျား ရှိတဲ့ ရန်ကုန်မှာပဲ ကျွန်တော်  နေချင်တယ် ။
အချစ်လား၊ လိုချင်တပ်မက်စိတ်လား မသေချာပေမယ့် ကျွန်တော် ခင်ဗျားကို ငေးကြည့်နေရရုံနဲ့တင် ပျော်နေမိတယ် ။
ကျွန်တော် ခင်ဗျားကို မြင်နေရရုံနဲ့တင် တစ်စုံတစ်ခုကို စိတ်ချရသလိုခံစားရတယ်။
ခင်ဗျားပြုံးနေရင် ကျွန်တော်လဲ လိုက်ပြုံးမိပြီး
ခင်ဗျားငိုနေရင် ကျွန်တော့် နှလုံးသားထဲ အပ်နဲ့ ဆက်တိုက် ထိုးဆွနေသလို ခံစားရတယ်။ "

သင်္ကြန်ပြီးတာနဲ့ ပြန်ဖို့ရာ လောနေသည့် ပါပါးအား မော်လမြိုင်ကို ပြန်မလိုက်ချင်ကြောင်း ငြင်းချင်ပါသော်လည်း ပြောရခက်သည်။

ပါပါးနဲ့ မာမား က မောင့်ကို အရမ်းချစ်တာမို့ မျက်စိအောက်ကတောင် အပျောက်ခံခဲ့ တာမျိုး မဟုတ် ။

ဘယ်လောက်ပဲ လိုချင်တာ မှန်သမျှ ဝယ်ပေးခဲ့သည်ဆိုဆို မိဘတွေနဲ့ အဝေးမှာ နေမည်ဆိုလျှင် စိတ်ချမည်လဲ မဟုတ်သလို ထားခဲ့ရက်နိုင်မည်လဲ မဟုတ်ချေ။

ထို့ကြောင့် ဘွားဘွားကြီး အား ကပ်ချွဲထားရသည်။

ချစ်စရာကောင်းသည့် ပါးချိုင့်ခွက်ကလေးတွေ သွားထပ်ချွန်ချွန်လေးတွေက စကားပြောရုံနဲ့တောင်ပေါ်လာတတ်တာမို့ ပြုံးလိုက်လျှင် ပိုခွက်ဝင်ကာ ချစ်စရာအလွန်ကောင်းသည်။

မောင် သူ့ရဲ့ မျက်နှာကို အချိုသာဆုံးထားပြီး သူ့အဘွားဆီမှာသာ နေချင်ကြောင်း မူယာအမျိုးမျိုးပြကာ ကပ်ချွဲသည်။

သားအချစ် မြေးအနှစ်ဆိုသလို မြေးလေးရဲ့ ချွဲမှုတွေ အောက်မှာ အဘွားကြီးက မနေနိုင်တော့ချေ။

သြဇာအာဏာ ပြည့်ဝသည့် အပြင် မိဘဖြစ်သည့်အတွက်ကြောင့် ဦးကျင်ကြွယ်ရော ဒေါ်ယုယမင်းရောက ဒေါ်လေဒီမင်းစကားအား မလွန်ဆန်နိုင်ကြသည့်အတွက် မောင်က အဘွားဖြစ်သူနှင့် ရန်ကုန်မှာ နေရန် အကြောင်းဖန်လာခဲ့သည်။

မောင့်ရဲ့ နေ့ရက် တိုင်းက အိမ်ထဲက အိမ်ပြင် မထွက်ဘဲ တစ်နေကုန် ကုန်ဆုံးပြီးနောက် ညနေဘက် မင်းသန့်ကိုကိုမောင် စက်ဘီးထွက်စီးမှသာ အနောက်ကနေ လိုက်ချောင်းသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now