{20} Uni

3.2K 117 14
                                    

ဖန်ခွက်အကြည်ရောင်လေးထဲကို အရက်တွေ လောင်းထည့်ကာ ခပ်ဆွေးဆွေးမျက်ဝန်းတွေနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ကိုကို့အား တစ်ချက် တစ်ချက် ငေးကြည့်နေရင်း ရင်တွေ အတိုင်းအဆ လွန်စွာ ကွဲကြေရသည်။

ယောက်ျားဆိုတာ လွယ်လွယ်နဲ့ မငိုရဘူး ဆိုပေမဲ့ မျက်ဝန်းထဲက မျက်ရည်တွေကို ထိန်းချုပ်ဖို့ရာ ခက်ခဲလွန်း၏ ။

အရက်တွေ တစ်ခွက်ပြီး တစ်ခွက် လျှင်မြန်စွာ မြိုချလိုက်ပေမဲ့ ရင်ထဲက အပူတွေကတော့ ကြီးမြဲတိုင်း ကြီးရင်းသာ။

မြတ်နိုးရတဲ့ လူသားလေးက မိန်းမတစ်ယောက်နဲ့ အတူယှဥ်တွဲရှိနေသည့်အပြင် အဲ့မိန်းမကလဲ ထိုလူသားရဲ့ ခန္ဓာကိုယ် အနှံ့အား ပွတ်သပ်နေသည်က ပိုင်စိုးပိုင်နင်း နိုင်လွန်းသည်။ထိုလူသားရဲ့ လည်ပင်းဖြူဖြူတွေမှာလဲ နှုတ်ခမ်းနီရောင်တွေနဲ့အတူ ရောယှက်နေတဲ့ စုပ်ရာ ကိုက်ရာတို့ကလဲ အထင်းသား။

ဒီမြင်ကွင်းကို ရင်နာလွန်းလို့ ပုလင်းထဲက လက်ကျန်အရက်တွေကုန်အောင် ပုလင်းလိုက်မော့ချပြီး ထိုင်ခုံနောက်ကို ခေါင်းလှန်ချလိုက်တာနဲ့ မျက်လုံးထောင့်မှာ ဖြတ်ပြေးသွားသည်က ထိန်းချုပ်မရအောင်ကျလာတဲ့  ပူနွေးနွေး မျက်ရည်ပူတွေ။

မျက်တောင်ခဏခဏ ခတ်ရင် မျက်ရည်ကျ နှေးတယ်ဆိုပေမဲ့ တင်းထားတဲ့ စိတ်တွေလျှော့ချလိုက်တဲ့အခါ မျက်လုံးဖွင့်လျှက်နဲ့တောင် မျက်ရည်တွေဟာ အဆက်မပြတ်စီးကျလာခဲ့သည်။

လွတ်မြောက်ချင်သည် ။ သို့သော်လည်း မမြင်ရ မနေနိုင်သည့် စိတ်က ကြီးစိုးလို့နေပြန်သည်။

မောင့်ရဲ့ ဖြစ်ပျက်နေတဲ့ ပုံရိပ်တွေကို ရွှေခေါ သေချာကြည့်နေပေမယ့် သူဘာတစ်ခုမှ နားမလည်နိုင်။

ရွှေခေါဟာ ရှမ်းပြည်ကနေ ရန်ကုန်ကို ပြန်တက်လာပြီးနောက်ပိုင်း မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ မောင်နဲ့ အတူတွေ့ကြတဲ့အခါ တခြားနေရာတွေမှာမတွေ့ဘဲ မောင်ပိုင်တဲ့  Club မှာ သာ တွေ့ဖြစ်သည်။

Club ရဲ့ လူရှင်းတဲ့ ထိုင်ခုံမှာ အတူ စထိုင်ထဲကိုက မောင်ဟာ သူငယ်ချင်းဖြစ်တဲ့ ရွှေခေါကိုတောင် စကားမပြောနိုင်ပဲ တစ်နေရာထဲကိုသာ ခပ်ဆွေးဆွေး ငေးကြည့်လိုက်၊ အရက်တွေကို ရေငတ်သလို သောက်လိုက် ဖြစ်နေသည့်အပြင် နောက်ဆုံးမှာတော့  အရုပ်ကြိုးပျက်သလို ထိုင်ခုံနောက်မှီပြီး အသံတိတ်ငိုကြွေးနေတာကြောင့် အဖြစ်အပျက်တွေကို သေချာလေ့လာနေတဲ့ ရွှေခေါမှာ ကြောင်အနေမိသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now