{11} Uni

3.9K 178 42
                                    


နိုးလာတဲ့ အချိန်မှာ သိလိုက်ရတာက သူအိပ်ပျော်သွားတာ  အိမ့်မှူးရဲ့ ကုတင်ဘေးက လူနာစောင့်ထိုင်ခုံလေးမှာပင်။

မျက်လုံးလေးဖွင့်ကြည့်လိုက်တဲ့ အချိန် အိမ့်မှူးကုတင် ရဲ့ ခြေရင်းနားမှာ ရပ်နေတဲ့  ထဘီ အနီရောင်နဲ့ အင်္ကျီအဖြူရောင်တို့ကို ဝတ်ဆင်ထားတဲ့ Nurse တစ်ယောက်ကို တွေ့လိုက်ရတယ်။

အဲ့ Nurse က မင်းသန့်ကိုကိုမောင်ကို ကြည့်ပြီး အပြုံးလေးနဲ့ နှုတ်ဆက်သည်။

အိပ်ယာနိုးကာစ ဖြစ်နေတဲ့ အပြင် ခေါင်းက ပါ တစ်ခုခုနဲ့ တိုက်မိထားသလို နဲ့ နာကျင်နေတဲ့ အတွက် Nurse က ပြုံးပြနေပေမဲ့ မင်းသန့်ကိုကိုမောင်က တော့ မျက်နှာတည်တည် ဖြင့် ဖြစ်နေလေသည်။

မင်းသန့်ကိုကိုမောင် ခေါင်းနာနေရတဲ့ အဓိက တရားခံကတော့ ဦးကိုကိုအောင် လက်ချက်ပင်။

အိပ်ပျော်သွားတဲ့ မင်းသန့်ကိုကိုမောင်ကို ဆိုဖာပေါ်ကို ပြောင်းဖို့ အတွက် ဦးကိုကိုအောင် က ပွေ့ချီလိုက်တဲ့ အချိန်မှာ ပုဆိုးကျွတ်ကျမလို ဖြစ်သွားတဲ့ အတွက် ပုဆိုးပဲ ပြန်ဝတ်ရမလိုလို ၊ သား ကိုပဲ ပြန်ချရမလိုလို နဲ့ အလျှင်စလိုတွေ ဖြစ်ပြီး အုတ်နံရံနဲ့ မင်းသန့်ကိုကိုမောင် ရဲ့ခေါင်းဟာ အနမ်း တစ်ပွင့် ဖြစ်သွားတာကြောင့် ခေါင်းနာနေရခြင်းဖြစ်သည်။

သားတော်မောင်ရဲ့  ဂလန်ဂလားအရပ်ကြီးနဲ့အတူ ထွားတဲ့ ခန္ဓာကိုယ်ကြောင့် မနိုင်မနင်းဖြစ်တဲ့အတွက် မရွှေ့တော့ဘဲသာ သူ့နေရာအတိုင်း ပြန်သိပ်ပေးသည်။သားခန္ဓာကိုယ် ဘယ်လောက်ပဲထွားလာလာ သူ့မျက်လုံးထဲ ကလေးလေးလို့ မြင်နေဆဲပဲ။

မင်းသန့်ကိုကိုမောင် အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ ထရပ်လိုက်တဲ့ အချိန်မှာ အခန်း တံခါးရှေ့က မှန်ပေါက်သေးသေးလေးကနေ လူတစ်ယောက်က အခန်းထဲကို ပုန်းလျှိုးကွယ်လျှိုးနဲ့ ချောင်းကြည့်နေတာကို မြင်လိုက်ရ၏ ။

မှန်က နေကာမှန် ဖြစ်တာကြောင့် အတွင်းဘက်က ကြည့်ရင်သာ အကြည်မြင်ရပေမယ့် အပြင်ဘက်က ကြည့်ရင်တော့ မမြင်နိုင်။

မင်းသန့်လဲ မသင်္ကာတာကြောင့် သေချာအနီးကပ် လျှောက်သွားပြီး ကြည့်တဲ့အခါ မနေ့ နေ့လည်လောက်ထဲက တွေ့လိုက်ရတဲ့ ပါးချိုင့်လေးက အခန်းထဲကို သေချာပြူးဖြဲပြီး ချောင်းကြည့်နေတာ မြင်လိုက်ရတာကြောင့် စိတ်ထဲမှာ ...

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now