{12} Uni

3.8K 163 32
                                    

ဆေးရုံခန်းထဲကို ညအိပ်ဝတ်စုံတွေ နဲ့ တန်းစီပြီး ရောက်လာကြသောမေကြီးနဲ့ ဖေကြီးက ဖိနပ်တွေတောင် ဆင်တစ်ဖက် မြင်းတစ်ဖက်ဖြစ်နေပုံအရ အလောတကြီး ပြေးလာကြသည့်ပုံ ဖြစ်သည်။

ဖေကြီးရော မေကြီးရောရဲ့ မျက်နှာလေးတွေက ရွှင်ပြစွာနဲ့ အခန်းထဲ ဝင်လာကြတဲ့ အထိတိုင်အောင် ဟိုအရိုင်းစိုင်းမလေးကတော့ အိမ့်မှူးရဲ့ လက်ကို က်ိုင်ထားဆဲဖြစ်သည်။

အိမ်မှူးကလဲ စကားမပြောပေမဲ့ မျက်နှာလေးက ရွှင်လန်းနေသည်။

ဖေကြီးနဲ့မေကြီးကတော့ သားဖြစ်သူမျက်နှာအား အရင်မကြည့်ဘဲ အဲ့အရိုင်းစိုင်းမလေးကို ဦးစွာ ပြုံးပြကာ ~~~

"သမီးလေးက ညီမလေးဆီ ရောက်နေတာပဲ "

"ဟုတ်ကဲ့ရှင့် အန်တီ"

မင်းသန့်နဲ့ စကားပြောရင်သာ အချိုးမပြေပေမဲ့ မေကြီးနဲ့ ကျ စကားသံက အစ ပြောင်းလဲ လွယ်သည်။

"သမီးလေးရော အဆင်ပြေလား ခေါင်းတွေရော မူးနေသေးလား"

မင်းသန့် ဘာကိုမှ နားမလည်နိုင်ဖြစ်နေသည်။

"မေကြီးတို့က သိနေကြတာလား"

" အိမ့်မှူးလေး သွေးလိုတုန်းက ဒီသမီးလေးက သွေးလှူပေးထားတာ"

ခေါင်းမှာပတ်တီးစီးထားသည့်အပြင် ဖြူဖပ် ဖြူလျော် ကောင်မလေးက သွေးလှူသည်ဆိုတာက အတော်စွန့်စားလွန်းရာ ကျသည်။

"မေကြီး သူလဲ ဒဏ်ရာ ရထားတာပဲ မှတ်လား.... ဘယ်လို လုပ် လှူလို့ ရမှာလဲ "

"သမီးကြီး ရဲ့ သွေးက အရေးပေါ်လိုနေတာ လိုနေတဲ့သွေးက လဲ ဆေးရုံမှာ မရှိဘူး အရမ်းလိုနေတာကို ဒီသမီးလေးက အတင်းလှူမယ်ဆိုပြီးကူညီပေးတာ ဒီသမီးလေးသာ မကယ်ရင် မေကြီးတို့ ဒုက္ခဖြစ်မှာ"

"ဟုတ်ကဲ့ မေကြီး"

အိမ့်မှူးဟာ ပထမဆုံး သတိရရ လာချင်းကို လုံးဝ စကားမပြောနိုင်ဘဲ ဖြစ်နေတာကြောင့် တစ်မိသားစုလုံး စိတ်ဆင်းရဲနေကြပေမယ့် မေရှားဆိုတဲ့ အရိုင်းအစိုင်းမလေးကတော့ အိမ့်မှူးရဲ့ မျက်နှာလေးကို ပေါက်ထွက်မတက်စိုက်ကြည့်နေဆဲပင်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now