{44}Uni

2.1K 88 10
                                    

မောင် ရှိနေတဲ့ ထောင်ကို တစ်လတိတိ သွားကာ တွေ့ခွင့်တောင်းခဲ့ပေမယ့် မောင်က လုံးဝ အတွေ့မခံခဲ့တာကြောင့် မင်းသန့်ကိုကိုမောင် တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။ သို့ပေမဲ့ လက်လျှော့ဖို့ကတော့ လုံးဝ မဖြစ်နိုင်။

မင်းသန့်ကိုကိုမောင်ရဲ့အဆက်အသွယ်တွေသာမက ဦးကိုကိုအောင်ရဲ့ အဆက်အသွယ်တွေနဲ့ မောင့်ကိုတွေ့ခွင့်ရဖို့ ကြိုးစားသော်လည်း အရာရာဟာ အချည်းနှီးသာ။မောင့်အဖေ ဦးကျင်ကြွယ်က သားစိတ်ပိုဆင်းရဲမှာစိုးရိမ်တာကြောင့် အရာရာကို ငွေလမ်း၊ အာဏာလမ်းတို့ဖြင့် ပိတ်ဆို့ထားသည်။အထူးသဖြင့် အိမ့်မှူးသခင်နွယ်တို့ မိသားစုကို လုံးဝတွေ့ခွင့် ပိတ်ပင်ထားသည်။

အိမ့်မှူးသခင်နွယ်တို့ မိသားစုအပေါ်မှာ သားဟာ အပြစ်တွေအများကြီး ကျူးလွန်ခဲ့တဲ့အတွက် သားကို အိမ့်မှူးသခင်နွယ်တို့မိသားစုက မကြည်လင်တာ ဦးကျင်ကြွယ်သိသည်။သူတို့လင်မယားနှစ်ယောက်ကို အိမ့်မှူးသခင်နွယ်​ပြစ်တင်ပြောဆိုတာကို လက်ခံနိုင်ပေမဲ့ သားကိုပါ အဲ့လိုတွေပြောရင် သားလေး စိတ်ဆင်းရဲမှာ စိုးရိမ်တာကြောင့် သားကို ဘယ်သူမှ လာမတွေ့နိုင်အောင် ပိတ်ပင်ထားခြင်းပင်။

နေ့တိုင်း ထောင်အရှေ့သွားပြီး တွေ့ခွင့်တောင်းသည့် မင်းသန့်ကိုကိုမောင် ကြောင့် ဦးကိုကိုအောင် ပါ စိတ်မကောင်းဖြစ်လာရသည်။ထောင်မှာ လူတွေ့တာဟာ အရမ်းမခက်ခဲပေမဲ့ အရမ်းတွေ အတားအဆီးဖြစ်နေထဲကိုက မရိုးမှန်း ဦးကိုကိုအောင် ရိပ်မိသည်။

ထို့ကြောင့် ဦးကိုကိုအောင် အနေနဲ့ သားကို ဒီအတိုင်းထားပါက ကြာလျှင် သား စိတ်ကျ ရောဂါဖြစ်မှာကို စိုးရိမ်တာကြောင့် ဦးခက်ထန် နဲ့ တိုင်ပင်ပြီး သားကို ပ ထုတ်ရသည်။

ဦးခက်ထန်သာ အကူအညီတောင်းပါက မင်းသန့်က ဘာမဆို လုပ်ပေးမည်ဆိုတာကို သိ သည်။ သားရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်နေတာကြောင့် သားက ကျေးဇူးကန်းမည့် သူမျိုးမဟုတ်။

ဦးခက်ထန် အနေနဲ့ လဲ မင်းသန့်လို တော်တဲ့ လူတစ်ယောက်ကို အဆုံးအရှုံး မခံနိုင်တာကြောင့် သူ့အနားမှာ သာ ခေါ်ထားသည်။မေရှားဆီကလဲ အကျိုးအကြောင်းသိရတာကြောင့် မင်းသန့်ကို လုံးပါး ပါးမှာ စိုးရိမ်သည်။ဒီကလေးရဲ့ နှလုံးသားက နူးနူးညံ့ညံ့လေး။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now