{56} Uni

2K 80 26
                                    


ကိုကိုရဲ့  စိတ်ကသာ အောက်မှာ နေမယ်ဆိုပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပေမဲ့  ကိုကို့ ခန္ဓာကိုယ် တစ်ခုလုံး က ကျောက်ရုပ်ပမာ မလှူပ်မရှား ဖြစ်နေတဲ့ အတွက် ရှေ့ဆက်ဖို့ အတွက် မောင့်မှာ လက်တွန့်နေမိသည်။

သို့သော် ကိုကို့ ခန္ဓာကိုယ်ရဲ့ ညှို့ဓာတ်ကို သူမလွန်ဆန်နိုင်ပြန်ဘူး။
သူ့အသက် ၁၄ နှစ်သား လူပျိုပေါက်အရွယ်လောက်ထဲကိုက ပြစ်မှားလာခဲ့တဲ့ ဒီခန္ဓာကိုယ်ကို သူ့အရှေ့မှာ တွေ့တဲ့ အခါ ဗီဇဆိုတာ ဖျောက်ဖျက်ရခက်လေသည်။

"ခင်ဗျားက သိပ်ကို ပြုစားလွန်းတယ်"

"ကိုကိုက Baby တစ်ယောက်ထဲကိုပဲ ချစ်လွန်းလို့ပါ~~"

ကိုကို့ရဲ့ ဆံပင်လေးတွေက  ကပိုကရို ဖြစ်နေသည့်အပြင် ကြည်တောက်နေတဲ့ မျက်ဝန်းတွေမှာလဲ မျက်ရည်စတွေ ဝေ့သီနေတာက တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေသေးသည့်အပြင် နှုတ်ခမ်းပါးလေးကလဲ မြည်းစမ်းဖူးခဲ့တာမို့ ဘယ်လို အရသာရှိလဲ ဆိုတာ သိနေသည့် အတွက် အချိန်တိုင်းကို ငုံထွေးထားချင်မိသည်။

အသိတရားနဲ့  ဒီအရာကို မလုပ်သင့်ဘူးလို့ ဘယ်လောက်ပဲ ဆုံးဖြတ် ဆုံးဖြတ် နောက်ဆုံးတော့ မောင်ဟာ ထိန်းချုပ်ဖို့ခက်ခဲလာသည်။ မင်းသန့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အငမ်းမရ နမ်းရှိုက်လိုက်၏ ။
နူးညံ့အိစက်တဲ့ အသားအရည်နဲ့အတူ ဖြူဖွေးဥနေတဲ့ ကိုကို့ရဲ့ အလှတရားဟာ ကြည့်လေ ကြည့်လေ ပိုပိုင်ဆိုင်ချင်လာလေပဲ။

သူ အချိန်တိုင်း ကိုကို့ရဲ့ အသားအိအိလေးတွေကို ကြမ်းတမ်းစွာ ကိုက်ပစ်ချင်ခဲ့ဖူးသည်။ကိုကို့ ခန္ဓာကိုယ် တစ်ခုလုံး နေရာလပ်မကျန်အောင် အချစ်အမှတ်အသားတွေ ပေးပစ်ချင်ခဲ့သည်။

ယခုလို အခွင့်အရေးရလာတဲ့ အခါ မောင်ဟာ မထိန်းချုပ်နိုင်ဘဲ လည်ပင်းသားတွေကို  စုပ်ယူနေရင်းကနေ အသည်းယားစွာ ကိုက်မိသည်။

"အာ့ ..... baby "

"အရမ်းကြိုက်တယ် နောက်ပြီး အများကြီး သဘောကျတယ် "

!နူးညံ့တယ်။ ချိုမြတယ်။ ပင်လယ်ရေလို သောက်လေ ငတ်မပြေပဲ ။ စ မိရင် ဆုံးမရတော့ဘူး။!

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now