{57}Uni

2.1K 81 17
                                    

မနက်အစောကြီး မိုးတောင် မလင်းသေးသော်လည်း အအိပ်စက်တဲ့ ဦးကျင်ကြွယ် ဖုန်းသံကြားတာနဲ့ ချက်ချင်း နိုးလာတော့သည်။

ဖုန်းကို အိပ်ချင်မူးတူးနဲ့ နာမည် မကြည့်ဘဲ ကိုင်လိုက်ပေမဲ့ သူဖုန်းကိုင်လိုက်တာနဲ့ နားထဲ တန်းဝင်လာတဲ့ ဦးကက်ရဲ့ စိုးရိမ်တကြီးအသံကြောင် ရုတ်တရက်ကြောင်သွားပေမဲ့ နောက်ထပ်ကြားလာရတဲ့ စကားသံကြောင့် သူ့ ဘေးမှာ အိပ်နေတဲ့ သူ့မိန်းမကိုပါ နှိုးပြီး မျက်နှာတောင် မသစ်နိုင်၊ အဝတ်အစားပါ မလဲနိုင်ဘဲ သား ရှိနေမည့် ဆေးရုံကိုသာ အမြန်ဆုံးရောက်အောင် သွားရတော့သည်။

ဆေးရုံထဲ ဝင်လိုက်သည် နှင့် ပထမဆုံးတွေ့ရတဲ့ အရေးပေါ် ခန်း ရှေ့မှာ အပေါ်ပိုင်းဘလာ၊ အောက်ပိုင်း ပုဝါလေးပတ်ထားသော သားတော်မောင် က ကြမ်းပြင်ပေါ်မှာ ဒူးကလေး ပိုက်ပြီး တအိအိနဲ့ ရှိုက်ငို နေတာကိုတွေ့ရသည် ။ သူတို့ လာတာကို လဲ မမြင်နိုင်။

မောင်က ဆရာဝန် တစ်ယောက် မဟုတ်ဘူး ။
သူ လုပ်ပေးနိုင်တာ ဘာမှ မရှိဘူး ။
သူ လုပ်ပေးနိုင်တာ ဆိုလို့ အရေးပေါ်ခန်း ရှေ့မှာ ထိုင်စောင့်နေရုံသာ။
သူ ဘာမှ မလုပ်ပေးနိုင်လေ သူ ဒေါသ ပိုထွက်လာလေပဲ။
သူ အခု ချိန်မှာ  ဒေါသစိတ်နဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ လဲ မရပေ။
သူ အခု အရမ်းနာကျင်နေတဲ့အပြင် အရာရာဟာ ပြိုလဲနေသလို ခံစားရသည်။
သူ ဘယ်လောက်အထိ ပြိုလဲ နေသလဲ ဆိုတာ သူကိုယ်တိုင်သာ အသိဆုံးပဲ။
အခန်းထဲက အသံတွေ ကို မကြားရပေမယ့် ကားပေါ်မှာတုန်းက ကြားရတဲ့ တစ်ချို့စကားလုံးတွေက တုန်လှုပ်ခြောက်ခြားဖွယ်ရာတွေ ။
ကိုကို့ နှလုံးက စက္ကန့်ပိုင်းလောက် ခဏ ခဏ ရပ်ရပ် သွားတယ်တဲ့လေ။
ဒါကလဲ သွေးထွက်လွန်ခြင်း ရဲ့ Side effect တွေထဲ က တစ်ခု ဖြစ်သည် ။

အတွေးတွေ ဗြောက်သောက် ဖြစ်နေပေမဲ့ သူ အေးချမ်းခြင်းကို ရှာဖို့ ဒူးလေး ပိုက်ပြီး ရသမျှ ဘုရားစာတွေ ကို ရွတ်ဆိုနေသော်လည်း ရှိုက်သံတွေကသာ ကြီးဆိုးနေခဲ့လေသည်။

သူ့ပတ်ဝန်းကျင်က စကားသံတွေကိုလဲ ဘာမှ မကြားနိုင်တော့ပေ။အနားကို အလောတကြီးရောက်လာတဲ့ အဖေဖြစ်သူနဲ့အမေဖြစ်သူကိုတောင် မမြင်နိုင်။စိတ်သောကတို့ဖြင့်သာ ပူဆွေးလို့ နေသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now