{50}Uni

2.3K 79 14
                                    

နှစ်ဦးသား အတူတကွ အပြာရောင် ညကို ဖြတ်သန်းပြီးတဲ့ အခါ ကုတင်တစ်ခုလုံးပေပွနေတာကြောင့် ကျဥ်းကျဥ်းကြပ်ကြပ် ဆိုဖာလေးပေါ်မှာသာ အဝတ်ဗလာနဲ့ ပူးကပ်ပြီး မင်းသန့်ကိုကိုမောင်ကတော့ မောင့်ခေါင်းလေးကို ပွတ်ပေးရင်း အိပ်ပျော်သွား၏ ။

မောင် အရမ်းပင်ပန်းပြီး အိပ်ချင်နေပေမယ့် ဘယ်လိုမှ အိပ်မပျော်နိုင် ဖြစ်နေရသည်။

မင်းသန့်ကိုကိုမောင်ရဲ့ လက်မောင်းပေါ်မှာ ခေါင်းအုံးထားရတဲ့ အပြင် မင်းသန့်ရဲ့ လက်နောက်တစ်ဖက်က သူ့ခါး အပေါ်မှာ တည်ရှိနေခြင်းက တအားနီးကပ်လွန်းသည်။

မျက်နှာချင်းဆိုင်ကို မှ ပူးကပ်နေတဲ့ ခန္ဓာကိုယ် နှစ်ခုကြောင့်  မောင့်မှာ အိမ်မက်လို့ပင် ထင်နေဆဲ ဖြစ်သည်။

မင်းသန့်ကသာ သူ့ကို ထွက်ပြေးသွားမှာ စိုးရိမ်သည့် အလား တင်းကြပ်စွာ ပွေ့ဖက်ထားပြီး အသက်ရှူသံ မှန်မှန်လေးနဲ့ အိပ်နေသော်လည်း မောင်ကတော့ မင်းသန့်မျက်နှာလေးကိုသာ တစိမ့်စိမ့်ငေးကြည့်ရင်း ကြည်နူးမှုတို့ပြည့်လို့နေသည်။

ပြေပြစ်တဲ့နဖူး၊ထူထဲတဲ့ မျက်ခုံး၊ ရှည်လျှားကော့ညွတ်တဲ့ မျက်တောင်၊  ​ဖြောင့်စင်းတဲ့ နှာတံချွန်ချွန်လေးအပြင် နှုတ်ခမ်းပါးပါးနဲ့ မေရိုးထင်းထင်းတို့ကြောင့် ဒီအမျိုးသားရဲ့ ဆွဲဆောင်မှု ရှိတဲ့ မျက်နှာချောချောအောက်မှာ အကြိမ်ကြိမ် ကျရှုံးမိပြန်သည်။

မင်းသန့်ရဲ့ မျက်နှာချောချောလေးကို ငေးကြည့်နေရင်းကနေ မင်းသန့်ရဲ့ မှိတ်ထားတဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ ဆက်တိုက်စီးကျ လာတာကိုမြင်လိုက်ရတာကြောင့် မောင်တဖြည်းဖြည်း စိတ်ပူလာရသည်။

မင်းသန့်အိမ်မက်ဆိုးတွေ မက်ပြီး အိမ်မက်ထဲမှာ နာကျင်နေမှန်းရိပ်မိတာကြောင့် မင်းသန့်ကို နှိုးမယ် ကြံလိုက်သော်လည်း မင်းသန့်က သူ့ကို ပိုတိုးဖက်ကာ စကားတွေ ဆက်တိုက် အဆက်မပြတ် ပြောလာတာကြောင့် မောင့် စိတ်တွေ မွန်းကြပ် လာရသည်။

ကိုကိုက သူ့ကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး ငိုနေသည့်အပြင် ကိုကို့ ပါးစပ်က ရေရွတ်နေသည့် အမည်နာမက အမျိုးသမီး တစ်ယောက်ရဲ့ အမည်နာမ ဖြစ်နေတာကြောင့် စိတ်ထဲမှာ အားငယ်လာသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now