{24}Uni

2.7K 106 22
                                    

ကိုယ့်အတွက် ကိုယ့်ဘာသာ သုက်ရည် ယူတာက ကိစ္စမရှိချေ။

သို့သော် ကိုကိုဆီမှ သုက်ရည် ရရန်ကတော့ က်ိုကို့ အခန်းထဲအား မြေခွေးမ တစ်ကောင် ထည့်ရခြင်းဟာ ရင်တွေ နာဖို့ ကောင်းလှသည်။

အဲ့မြေခွေးမဆီက သုက်ရည် ပုလင်းလေး ရတော့ ပျော်ရမလို စိတ်ဆင်းရဲရမလိုနဲ့ ရင်တွေကို စုတ်ပြတ်သတ်အောင် ခံစားရသည်။တကယ်ကို ပိုင်ဆိုင်နိုင်တော့မယ်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့သာ အားတင်းထားရပေမဲ့ တကယ်ကို ပြိုလဲသည်။

ချစ်ရသူရဲ့Hotel အခန်းထဲအား မြေခွေးမ တစ်ကောင်လုံးကို ကိုယ့်လက် ကိုယ့်ခြေနဲ့ ထည့်ပေးလိုက်တဲ့ အချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ တစ်စ တစ်စ တိုးဝင် လာခဲ့ရသေးသည်။ဒီအရာကလိုအပ်လို့သာ မဖြစ်မနေလုပ်ရခြင်းသာ။

ပစ္စည်း နှစ်ခုစလုံး စုံလိုက် ရတဲ့အခါ ဆရာ့ဆီ ကို ပြန်သွားလိုက်သည်။

ဆရာ့ဆီကို ရွှေခေါနှင့်အတူ သွားလိုက်ပြီး ဆရာ့အိမ်ရောက်သောအခါတွင် ရွှေခေါကတော့ အလိုက်တသိဖြင့် အပြင်မှာပဲ ရပ်နေပေးသည်။

အသက်၇၀ကျော်လောက် ရှိတဲ့ အဖိုးကတော့ ပထမတစ်ခါလို အနံ့လိုက်ခံတာမျိုး မရှိတော့ပေ။

ဆရာနှင့်အတူ ပထမ တစ်ခါကဲ့ သို့ ဖယောင်းတိုင်၏ တစ်ဖက် တစ်ချက်စီ တွင် ထိုင်နေကြရင်း ဆရာက ဖယောင်းတိုင်ပေါ်တွင် လက်ဖဝါး ဖြန့်ခိုင်းထားလေသည်။

ဖယောင်းတိုင် မီးက လုံးဝ မပူ။

"မှာလိုက်တာ ...ပါလာ လား?"

"ပါလာ ပါတယ် ဆရာ"

အိတ်လေးနဲ့ သေချာထုတ်ပိုးထားတဲ့ ပုလင်းလေး နှစ်ခုကို ဆရာ့အား ပေးလိုက်သည်။

စရောက်လာကထဲကိုက ဆရာ့လက်ထဲမှာ ကိုင်ထားသည့် ပုလင်းလေးဆီကို အကြည့်ရောက်နေမိခဲ့သည်။

အဲ့ဒီပုလင်းလေးက ကိုယ်ဝန်ပျက်ကျပြီးသေသည့် အစိမ်းသေ၏ မေးစေ့အောက်က အရည် ဟုထင်မိသည်။ သို့သော်ငြား အကြည်ရောင် အရည် သက်သက်ပင်။

ထို့နောက် ဆရာက သူ့ရဲ့ လက်ထဲမှာ အဆင်သင့်ရှိနေသည့် ပုလင်းလေး အဖုံးအားဖွင့်လိုက်ပြီး မောင်ပေးသည့် ပုလင်းလေး နှစ်ပုလင်းထဲက ဖြူပျစ်ပျစ် အရည်တွေကိုပါ ရောပြီး ထည့်လိုက်သည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now