{15} Uni

3.5K 151 64
                                    

"ကိုကို !!!"

မင်းသန့်ကိုကိုမောင်ရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ကြီး ခေါ်လာတဲ့ နာမ်စားလေးကြောင့် မင်းသန့်ကိုကိုမောင်ရဲ့ နှလုံးခုန်သံတွေက မူမမှန်တော့သလို ချက်ချင်းဆိုသလိုပဲ ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်လာပြီး ဖြူဥနေတဲ့ ပါးပြင်တစ်ခုလုံးဟာ ရဲတက်လာသည့်အပြင် အသားဖြူလွန်းသူမို့  နားရွက်တွေကပါ နီရဲတက်လာသည်။

ယောက်ျားချင်း ကိုကိုဟု အခေါ်ခံရသည်ကတစ်ကြောင်း၊ အရင်ထဲကိုက ညီအကိုလိုလား ၊ ချစ်သူလိုလား ဘာမှန်းမသိတဲ့ ချစ်ခြင်းနဲ့ ချစ်ခဲ့ဖူးတာက တစ်ကြောင်းကြောင့် မင်းသန့် အရှက်ကြီး ရှက်နေမိသည်။

အဲ့အပြင် ဒီပါးချိုင့်ကောင်လေးရဲ့ ကိုကို ဟု ခေါ်တဲ့ အသံလေးနဲ့ပင် သူ မာ လာခဲ့သည်။
Hoodie က ခါးရှည်ဖြစ်နေလို့သာ တော်သေးသည်။

အိမ့်မှူးအနေနဲ့ မောင့်အား ပြူးကြောင်ကြောင် ကြည့်မိသလို မင်းသန့်ကလဲ မျက်တောင်တောင် တစ်ချက် မခတ်ပဲ သတိမေ့နေသလို မောင့်အား အကြည့်မလွှဲပဲ ကြည့်သည်။

ထိုမှသာ မောင် အသိစိတ်ဝင်လာပြီး သေချာရှင်းပြတော့သည်။

"သြော်... ဟို... တစ်မျိုး မထင်ပါနဲ့။ ကျွန်တော်တို့ မော်လမြိုင်မှာ က ကိုယ့်ထက်ကြီးတဲ့ အကိုတွေဆို... ကိုကို လို့ပဲ  ခေါ်  ကြတာ"

အိမ့်မှူးရော မင်းသန့်ရောက မယုံချင်သော်လည်း ယုံချင်စရာကောင်းအောင် မျက်နှာလေးက ရိုးသားနေပြန်တော့ မယုံချင်ပဲ ယုံလိုက်ရသည်။

မင်းသန့်ကတော့ အမူအရာ မပျက်အောင် စိတ်ကိုတည်ငြိမ်အောင်ထားပြီး  မတွေးသင့်တာ မတွေးပေမယ့် အိမ့်မှူးကတော့ မတူ အတွေးတွေက လွန်လာသည်။

မောင့်ရဲ့ အကြည့်တွေက မင်းသန့်ကိုကိုမောင် အပေါ်မှာ ပျော်ဝင်နေတာ အသိသာကြီး ။
သူမကိုတောင် အဲ့လို အကြည့်မျိုးနဲ့  စလိုက်တဲ့အချိန်ကစလို့ အခုလို ရည်စားသက်တမ်း တစ်နှစ်ပြည့်တဲ့အထိတောင် တစ်ကြိမ်တစ်ခါမှ  မကြည့်ခဲ့ဖူးဘူး။
သို့သော်လည်း သူမ မောင့်ကို ယုံချင်ပါသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now