10 {Uni}

4.2K 180 22
                                    

ခွဲစိတ်ခန်းရှေ့မှာ မိဘတွေနဲ့ အတူ စိတ်လှုပ်ရှားစွာ ထိုင်နေတဲ့ မင်းသန့်ကိုကိုမောင်က  စိတ်အလှုပ်ရှား လွန်နေတာ ကြောင့် ဖခင်ဖြစ်သူ ဦးကိုကိုအောင် က သားအား အပြင်မှာ လေကောင်းလေသန့် ထွက်ရှူစေသည်။

မင်းသန့်ကိုကိုမောင်ရဲ့ နှလုံးက တအားကိုခုန်နေပြီး လက်တွေကပါ တုန်ယင်နေသည်။

သားက စိတ်ထိခိုက်လို့ ရသည့်လူမဟုတ်။

"သားကြီး "

"ဗျာ "

"ဆေးရုံရှေ့ ထွက်နေ "

မင်းသန့်ကိုကိုမောင် ခေါင်းလေးကို ခါရင်း

"ဟင့်အင်း အိမ့်မှူး ထွက်လာမှ "

"ကျစ် .....မင်းသန့်ကိုကိုမောင် !!!!"

တစ်ခါမှ လေသံမာမာ မပြောဖူးတဲ့ ဖအေဖြစ်သူက အော်လိုက်တာကြောင့် မင်းသန့်ကိုကိုမောင် အလိုက်တသိနဲ့ Reception နားက ထိုင်ခုံမှာ သွားထိုင်နေလိုက်၏ ။

ထိုင်ခုံမှာ ထိုင်နေရင်း ဆေးရုံထဲကို ​ အလောတကြီး ပြေးဝင်လာတဲ့ တစ်ကိုယ်လုံးဖြူစွတ်အောင် ဝတ်ထားပြီး ချွေးတွေ ရွှဲနေသော ကောင်လေးကြောင့် မင်းသန့်ကိုကိုမောင် မျက်မှောင် ကျုံ့မိသွားတယ်။

ကောင်လေးက တစ်ကိုယ်လုံးကို ဖြူဖွေးစွတ်နေအောင် ဝတ်ထားသည့်အပြင် အင်္ကျီက အဖြူရောင် အပါး အပျော့သားလေး ဖြစ်နေတာကြောင့် ချွေးတွေ ရွှဲနစ်နေတဲ့ အခါ အတွင်းသားတို့က အတိုင်းသားမြင်နေရသည်။

ဘာမှ မတော်ဆပ်သော်လည်း ဘာကြောင့်မှန်းမသိ အဲ့ကောင်လေးရဲ့ အတွင်းသားတွေကို ဘယ်သူ့ကိုမှ မမြင်စေချင်မိတာ အမှန် ။

ကောင်လေးက ပြေးလာရင်းကနေ Reception ရောက်တဲ့အခါ Reception က အမ အား မေးခွန်းတွေ ဆက်တိုက်မေးသည်။

"ကျောင်းနားမှာ ကားတိုက်ခံရတဲ့ လူနာတွေ ဒီရောက်လာကြသေးလား... ကျောင်းသားလေးလေ အမ "

"နာမည်ပြောပြပေးပါ မောင်လေး"

"မင်းသန့်ကိုကိုမောင် ~~~"

ဆရာမလေးက စာရင်းတွေကို သေချာစစ်ကြည့်ပြီးနောက် ~~~~

"မင်းသန့်ကိုကိုမောင် နာမည်နဲ့ တော့ မရှိပါဘူး "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now