{47}Uni

2.3K 97 22
                                    


"တည်းခိုခန်းကို သွားပြီး ဘာသွားလုပ်မလို့လဲ!!! "

အလန့်တကြားမေးလာတဲ့ မောင့်ကို ဆိုင်ကယ် ဘက်မှန်ကနေ ကြည့်ပြီး မင်းသန့်ရဲ့ မျက်နှာထက်မှာ အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့သည်။

မေရှားခက်ထန် တို့ အိမ့်မှူးသခင်နွယ်တို့ကို ရှောင်ချင်လို့သာ မထင်မရှား တည်းခိုခန်းမှာ လာပုန်းပေမယ့် ဒီတည်းခိုခန်းရဲ့ အတွင်းအပြင်အဆင်ကို ကြည့်ပြီး စဝင်လာထဲကိုက ဘယ်လို နေရာလဲ သိသည်။

အထူးသဖြင့် မောင့်လို နယ်ခံက ပိုသိလိမ့်မည်။အဲ့ဒါကြောင့်လဲ မောင်က အလန့်တကြားလေး မေးခြင်းသာ။

မောင့်ရဲ့မျက်တောင်လေး တခတ်ခတ်နဲ့ အံ့သြတဲ့ ပုံရိပ်လေးကြောင့် မင်းသန့် အသည်းယားလာပြီး စနောက်ချင်လာသည်။

"အင်းနော် အတွဲတွေ တည်းခိုခန်း သွားပြီး ဘာလုပ်ကြတာပါလိမ့်... ဒါပေမဲ့ စိတ်ချပါ အခုမှ လူထွက်လာတဲ့ ကောင်လေးနဲ့ကတော့ အခန်းထဲမှာ
ဘုရားရှိခိုး ပုတီးစိပ်ပြီး တရားပဲထိုင်မှာပါ
ဒီကောင့်ကို ယုံတယ်မှတ်လား .."

မင်းသန့်ရဲ့ အရင်နဲ့ လုံးဝ မတူတဲ့ အပြောအဆိုတွေကြောင့် မောင်အံ့သြပြီးရင်း အံ့သြမိသည်။အရင်က မင်းသန့်ကိုကိုမောင်နဲ့ အခု မင်းသန့်ကိုကိုမောင်က ရုပ်သာတစ်ပုံစံထဲ မဟုတ်ပါက တခြားတစ်ယောက်လို့ ထင်မိမှာ အမှန်။

ဒါပေမဲ့လဲ ကိုကို့ရဲ့ အခုပုံစံကို သူသဘောကျသည်။ အစက ကိုကို များ စိမ်းကားနေမလား ဆိုပြီး ဘယ်က ဘယ်လို စကား စပြောရမလဲ အတွေးတို့ဖြင့် ပတ်လည် ရိုက်ခဲ့ရသေးသည်။

အထင်နဲ့အမြင်ဟာ ဘယ်တော့မှ ထပ်တူမကျမှန်း မောင်အခု မှ သဘောပေါက်လာသည်။
သူသာ အခုလို ရဲတင်းခဲ့မယ်ဆို ကိုကို နဲ့ အရင်ထဲကိုက တစ်ခုခု ဖြစ်ပြီးခဲ့လောက်ပြီ။

မောင့်မှာ မင်းသန့်ရဲ့ ခါးလေးကို ဖက်ထားရင်း ​အတွေးလွန်နေတုန်း မင်းသန့်က ဆိုင်ကယ်ကို ရပ်လိုက်ပြီး မောင့်အား ဆိုင်ကယ်ပေါ်က ဆင်းဖို့ မျက်လွှာလေး ချကာ အချက်ပြသည်။

မောင်လဲ နားလည်တာကြောင့် ဆိုင်ကယ်ပေါ်က ဆင်းလိုက်တာနဲ့  မင်းသန့်လဲ ဆိုင်ကယ်ကို ဒေါက်ထောက်ကာ မောင့်ရဲ့ ဆိုင်ကယ်ဦးထုပ်လေးကို သူကိုယ်တိုင် ချွတ်ပေးသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Hikayelerin yaşadığı yer. Şimdi keşfedin