{23} Uni

2.8K 115 17
                                    

ကိုကို ရန်ကုန်ပြန်ရောက်လာပြီးထဲကိုက အိမ့်မှူးသခင်နွယ်နဲ့လဲ မတွေ့ဖြစ်တော့ချေ။

အိမ့်မှူးသခင်နွယ် အနားမှာလဲ အရပ်ရှည်ပြီး  အရမ်းလှတဲ့အပြင် အနောက်တိုင်းဆန်ဆန်မျက်နှာပေါက်နဲ့  အမကြီး တစ်ယောက်က အမြဲလိုလို ရှိနေသည်။

စားအတူ သွားအတူ အဲ့အမက အိမ့်မှူးသခင်နွယ်ကို ဂရုစိုက်တာဟာ သူငယ်ချင်းတစ်ယောက်လို ၊ အမ တစ်ယောက်လို ဆိုတာထက်ကို ပိုသည်။

မောင်ကိုယ်တိုင်ကလဲ အိမ့်မှူးကို ရှောင်နေခဲ့သလို အိမ့်မှူးကလဲ မေရှားနဲ့ အတူ ရှိနေတာကြောင့် မောင့်အားခေါင်းထဲ သိပ်မရှိသည့် အတွက် တွေ့ဖို့အကြောင်း ဘယ်သူက မှ စပြီး မပြောဖြစ်ကြ။

သို့သော်လည်း  ဘယ်လောက်ပဲ ရှောင်ရှောင်   တွေ့ရဖို့ အကြောင်းက ဖန်လာပြန်သည် ။

KFC ကြက်ကြော်ဆိုင်ထဲမှာ သမီးရည်းစားအတွဲအလား ထင်ရစေသည့် အမျိုးသမီးငယ် နှစ်ဦးရှိနေသည်။

မျက်လုံး မိုးပြာရင့်ရောင် တွေကို ပိုင်ဆိုင်ထားပြီး အနောက်တိုင်းဆန်တဲ့အသွင်အပြင်ရှိနေသော ကောင်မလေးက အကြည်ရောင်တစ်ခါသုံး လက်အိတ်ဝတ်ထားကာ ကြက်ကြော်တွေကို ပိစိလေးတွေဖဲ့ပေးပြီး အချဥ်ရည်နဲ့ တို့ကာ အိမ့်မှူးသခင်နွယ်၏ မေးအောက်တွင် လက်တစ်ဖက်ခံထား၍ နောက်လက်တစ်ဖက်နဲ့  တယုတယလေး ခွံ့ကျွေးနေတာ ကြည်နူးစရာကောင်းလွန်းလို့ မောင်တောင် ငေးကြည့်မိသွားသည်။ကြက်ကြော်လေး ခွံ့ကျွေးတာတောင် ကလေးလေးတွေလို ဂရုတစိုက်နဲ့ ခွံ့ကျွေးသည်။

အိမ့်မှူးဟာ မေရှားခွံ့​ကျွေးနေတဲ့ ကြက်ကြော်ကို စားရင်း ကြက်ကြော်ဆိုင် အပြင်ကနေ သူ(မ)နဲ့မေရှားကို သေချာစိုက်ကြည့်နေတဲ့ မောင့်အား တွေ့လိုက်တာကြောင့် သူတို့ ထိုင်နေတဲ့ ဝိုင်းမှာ လာထိုင်ရန် ခေါ်လိုက်သည့်အခါ အိမ်မှူးမျက်နှာလေးက ပြုံးရွှင်နေသော်လည်း အနောက်တိုင်းဆန်သည့်မျက်နှာပေါက်လေးနဲ့ အမကတော့ မောင့်အား စူးရဲစွာ စိုက်ကြည့်နေသည်။

မြွေမြွေချင်း ခြေမြင်တယ်ဆိုသလိုပဲ။ အဲ့အမရဲ့ မျက်လုံးအကြည့် တွေ ၊ အိမ့်မှူးရဲ့ ခါးကို ပိုင်စိုး ပိုင်နင်း ထိတွေ့နေတာတွေက ဘာကို ဦးတည်နေလဲ သိနေတာကြောင့် မောင် တစ်ချက်ပြုံးမိသွားသလို ပါးစပ်ကနေလဲ စိတ်ထဲတွေးနေတဲ့စကားက လွှတ်ခနဲ ထွက်သွားသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now