{13} Uni

3.6K 158 27
                                    

ကိုကို မရှိတဲ့ ကျောင်းမှာ ၁၀တန်း ဆက်တက်နေရင်း ရက်ပိုင်းအတွင်းမှာတင် ရှမ်းပြည်ကနေ ​ကျောင်းပြောင်းလာတဲ့ ရှမ်းတရုတ်စပ်ကောင် မျက်ပေါက်မှေးမှေး အသားနီစပ်စပ်ကိုမှ ခေါနေတဲ့ သွားနှစ်ချောင်းမှ အားမနာ ရှေ့သွား နှစ်ချောင်းကို ရွှေရည်စိမ်ထားတဲ့ စိုင်းခယ် ဆိုတဲ့ ကောင်နဲ့ အတူသွားအတူစားရင်း ရက်ပိုင်းအတွင်းခင်သွားကြသည်။ ရွှေခေါက  မောင့်ရဲ့ ပထမဆုံးသော သူငယ်ချင်း ဖြစ်လာခဲ့သည်။

ရှမ်းတရုတ် နဲ့ မွန်တရုတ် ဖြစ်တာကြောင့် ကပြားလေး နှစ်ယောက်က အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြသည်။
မောင်ဟာ ငယ်ငယ်ထဲက အပေါင်းအသင်း မရှိခဲ့ဖူးတာကြောင့် စိုင်းခယ်နဲ့ ကျ အသစ်အဆန်းလို ခံစားရသည်။
ဘဝရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့် မောင့်အနေနဲ့ စိုင်းခယ်ကို အတော်ခင်မင်မိသည်။

၆လပိုင်း ၆ရက် ၂၀၁၆ ခုနှစ်မှာ ၁၀တန်း အောင်စာရင်းတွေ ထွက်လာခဲ့သည် ။

မောင့် ရဲ့ အောင်စာရင်း မဟုတ်ပေမယ့်  မောင် နဲ့ ရွှေခေါ နှစ်​ယောက်အတူ  လူကြားထဲ တိုးဝှေ့ပြီး ကိုကို့ရဲ့ နာမည် လေးကို လိုက်ရှာလိုက်တဲ့ အခါ  ၅ဘာသာဂုဏ်ထူးရှင် ကိုကို့ နာမည်လေး ကို တွေ့လိုက်ရတာကြောင့် မောင်အပျော်ကြီး ပျော်နေမိသည်။

ကိုကို့ နာမည်လေးတွေ့တာကြောင့် အပျော်လွန်ပြီး လူအုပ်ကြားထဲကနေ ရွှေခေါ ပုခုံးကို ဖက်ရင်း ကျောင်းထဲက ပန်းခြံငယ်ထဲမှာ သွားထိုင်ရန် ပန်းခြံထဲ ဝင်နေသည့် အချိန် ၊ ငုဝါပန်းပင်ကြီး ဘေးနားကနေ ဖြတ်အလျှောက်မှာ မိန်းကလေးတစ်ယောက်ရဲ့ တိုးတိုးလေးတရှိုက်ရှိုက်နဲ့ ငိုနေသံလေး ကို ကြားလိုက်ရသည်။

မိန်းကလေးငယ်တစ်ဦးရဲ့ အသံ ဖြစ်နေတာကြောင့် မောင် လှည့်ကြည့်လိုက်တဲ့အချိန်မှာ အိမ့်မှူးသခင်နွယ် ဖြစ်နေလေသည်။

အိမ့်မှူးသခင်နွယ် ငိုနေတာလေးကို မျက်လုံးကျွတ်ကျမတက်ငေးကြည့်နေသောသူမှာ ရွှေခေါ ဖြစ်သည်။

"ရွှေခေါ"

"အင်း"

ရွှေခေါရဲ့ သွား နှစ်ချောင်းက ကျွတ်ကျမတက် ပါးစပ်ထဲ ယင်ကောင် ဝင်သွားမတက် ကို အိမ့်မှူးသခင်နွယ်ကို ငေးနေတာကြောင့် သူ့တောင် ပြန်လှည့်မကြည့်နိုင်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now