{45} Uni

2.2K 106 45
                                    

မုန်တိုင်းတွေတိုက်ပြီးတဲ့ အခါ လေ​ပြေတွေ ပြန်ရောက်လာသလို မောင့်ရဲ့ မုန်တိုင်းတွေကလဲ လေပြေတွေလို အေးချမ်းရလေတော့သည်။

၇ နှစ် ကြာပြီးနောက် ဒီနေ့လေးက မောင်တို့ မိသားစု ရဲ့ ပျော်မြူးရတဲ့ နေ့ရက်ကောင်းလေး တစ်ခု ဖြစ်လာလေပြီ။

မောင် ထောင်က ထွက်လာတာနဲ့ မိသားစု စုံညီ မောင့်အား ရန်ကုန်က အင်းစိန်ထောင်အရှေ့မှာ လာကြိုကြပြီး မော်လမြိုင်က အိမ်ကို တန်းမပြန်ပဲ ဘုန်းကြီးကျောင်းကို အရင် သွားကြသည်။

လာကြိုတဲ့ ကားလေးက  ဘုန်းကြီးကျောင်းရှေ့ရောက်လာတော့ မောင် အံ့သြမိသွားသည်။ သူထင်သွားသည်က သူထောင်ကျနေတုန်း သူ့မိဘတွေ စီးပွားပျက်ပြီး ဘုန်းကြီးကျောင်းမှာ နေရတယ်ဟုပင်။
မောင့်စိတ်ထဲ တော်တော်စိတ်မကောင်းဖြစ်မိသွားသည်။

"သား တောင်းပန်ပါတယ် ပါပါးနဲ့ မာမား၊ ဖွားဖွားကိုလဲ တောင်းပန်ပါတယ်။ အသက်ကြီးမှ ဘုန်းကြီး ကျောင်းမှာ လာနေနေရတယ်။ သားမကောင်းတာပါ ~~~"

စကားတွေ တတွတ်တွတ်ပြောပြီး သူ့အတွေးနဲ့သူ တလွဲထင်ကာ ထငိုတဲ့ မောင့်ကြောင့် တစ်မိသားစုလုံး ကြောင်သွားကြသည်။

ဒါပေမဲ့ မောင် ထပ်ပြောတဲ့ စကားကြောင့် ဘာကို ဆိုလိုလဲ သဘောပေါက်သွားတာကြောင့် အကုန်လုံး တဝါးဝါး ထရယ်ကြတော့သည်။

"ပါပါးတို့က ဒီမှာ နေတာမဟုတ်ပါဘူးကွာ ..သားသားကို ဦးပုဥ္ဇင်း ဝတ်ပေးမလို့ ပါကွယ်"

ပါးပါးမျက်နှာက ပြုံးစိစိ နဲ့ ရယ်ချင်တာကို အောင့်ထားသည်မှာ သိသာသည်။ဒေါ်ယုယမင်းဟာလည်း ဦးကျင်ကြွယ်နဲ့ ထပ်တူပင်။

"အမလေး ..ငါ့မြေးရယ် ဖွားဖွားတို့ကို မွဲသွားတယ် ထင်နေတာလား "

" သိဘူးလေ သားက... "

"မာမားသားလေးကလေ အသက် ၂၈ နှစ်သာ ဆိုတယ် ကလေးလေး လိုပဲ ချစ်စရာကောင်းလိုက်တာ"

မာမားက မောင့်ပါးလေးအား  မနာအောင် ဖွဖွလေးဆွဲရင်း ကလေးတစ်ယောက်လို ချော့မြူသည်။
သူတို့မျက်လုံးထဲ သားကို ကလေးလေးလို့ပဲ မြင်နေသေးသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now