{ 21 } Uni

2.8K 118 18
                                    

နိုဗယ်ဇင်းနဲ့ ဖြစ်ပြီးထဲကိုက မောင့် စိတ်တွေက ရှုပ်ထွေးနေခဲ့သည်။

အဲ့နေ့ကစပြီး အဲ့ Club ကိုတောင် ခြေလှမ်းမချ ဖြစ်တော့ဘူး။
ကိုကို့ အပေါ်  သစ္စာဖောက်မိသလို ခံစားရသည်။

မောင်ဟာ ၁၀တန်းအောင်ပြီးထဲကိုက  အဘွားဖြစ်သူနဲ့တောင် အတူမနေတော့ဘဲ သီးသန့် အိမ်တစ်လုံးမှာ နေနေတာကြောင့် သူ့အိပ်ခန်းတစ်ခန်းလုံးရဲ့ နေရာအနှံ့မှာ မင်းသန့်ကိုကိုမောင်ရဲ့လှုပ်ရှားမှု ပုံရိပ်မှန်သမျှကို မှတ်တမ်းတင်ထားတဲ့ ပုံတွေနဲ့ သာ ပြည့်နှက်နေသည်။

ခေါင်းအုံးမှာလဲ မင်းသန့်ကိုကိုမောင်ရဲ့ မျက်နှာပုံလေးကို ရိုက်နှိပ်ထားသလို မွေ့ရာခင်းမှာလဲ မင်းသန့်ကိုကိုမောင်ရဲ့ ပုံလေးတွေ ရိုက်နှိပ်ထားသည်။

မောင် ခြုံတဲ့ စောင်က အစ မင်းသန့်ကိုကိုမောင်ရဲ့ ပုံရိပ်တွေသာ  ပြည့်နှက်နေသည်။

မောင့်ရဲ့ စွဲလမ်းစိတ်တွေက တစ်နေ့ထက် တစ်နေ့ ပိုတိုးလာခဲ့သည်။

မင်းသန့်ကိုကိုမောင်ရဲ့ ဓာတ်ပုံလေးကို ပုံနှိပ်ထားတဲ့ ခေါင်းအုံးလေးပေါ်က မင်းသန့်ကိုကိုမောင်ရဲ့ပြုံးနေတဲ့ မျက်နှာလေးကို ခေါင်းလေး နစ်ဝင်သွားတဲ့ အထိ နမ်းရှိုက်ပြီးမှသာ အိပ်ရာက ထလေ့ရှိသည်က နေစဥ်အလုပ်တစ်ခု လိုဖြစ်နေသည်။

"ကိုကို ကျွန်တော် တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး "

တစ်ယောက်ထဲ ခေါင်းအုံးလေးကို ငုံ့နမ်းရင်း တီးတိုးရေရွတ်နေမိသည်။ခေါင်းအုံးပေါ်က မင်းသန့်ရဲ့ ပုံလေးကို ကြည့်ရင်းတောင်းပန်စကားပြောလာခဲ့သည်က နိုဗယ်ဇင်းနဲ့ စဖြစ်ခဲ့တဲ့ နေ့ရက်ထဲကပင်။သူတကယ်ကို အဲနေ့က ကိစ္စအတွက် နောင်တရမိသည်။

မုန်တိုင်းပြီးရင် လေပြေလာမှာ ဆိုပေမဲ့ မုန်တိုင်းတွေကသာ မောင့်ဆီကို ဆက်တိုက်ကျရောက်လာသည်။

နိုဗယ်ဇင်းနဲ့ဖြစ်ပျက်ခဲ့ပြီး လေးလအကြာမှာ
မောင့်ရဲ့ viberကို ရောက်လာတဲ့ ပုံ တစ်ပုံနဲ့ video  တစ်ပုဒ်ကြောင့် မောင့် မှာ ရူးတော့မလိုပဲ ။

ဆီးစစ်တံ အဖြူချောင်းလေးပေါ်မှာ ပါရှိနေတဲ့ အနီ နှစ်ရစ်နဲ့ အတူ အဲ့နေ့က အဖြစ်အပျက်တွေပါရှိတဲ့ ဝိုးတဝါး ရမ္မက်ဆန်တဲ့ လိင်အမှူကိစ္စတွေ ။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now