{35} Uni

2.2K 75 8
                                    

ဆရာဝန်လဲ အရိပ်အကဲ နားလည်စွာနဲ့ ပြန်ထွက်သွားပေမဲ့ အကြာကြီး သတိမေ့ထားတဲ့ လူနာဖြစ်တဲ့အတွက် စိတ်မချတာကြောင့် ပြန်ဝင်လာကာ...

"စမ်းသပ်ကြည့်ရသလောက် လူနာက အကုန် အဆင်ပြေပါတယ် ...နှလုံးခုန်နှုန်း နည်းနည်း မြန်နေတာကလွဲရင် ပေါ့"

"သူက ဘာမှ မပြောဘဲ ပြုံးပြီး စိုက်ကြည့်နေတော့ စိတ်ပူလို့ပါ"

"ရက်ရှည် သတိမေ့ထားတာ ဆိုတော့ လမ်းလျှောက်လို့ကတော့ အဆင်ပြေသေးမှာ မဟုတ်ဘူး "

"အစားရော ​ကျွေးလို့ ရပြီလား ဆရာ"

"အစာမာတော့ မရသေးဘူး ...ဆန်ပြုတ်လောက်ပဲ တိုက်လို့ ရဦးမှာ "

"ဟုတ်ကဲ့ပါခင်ဗျာ"

ဆရာဝန်က လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက်တွင် အခန်းအပြင်သို့ ပြန်ထွက်သွားသည်။

မောင့်ရဲ့ ကုတင် ဘေး နားလေးက လူနာစောင့် ထိုင်ခုံမှာ မင်းသန့်ကိုကိုမောင်  ထိုင်လိုက်ပြီး မောင့် ရဲ့ နဖူးပြေပြေလေး အထက်က ဆံပင်လေးတွေကိို လက်ကလေး နဲ့ သေသပ်အောင် ပြုပြင်ပေးလိုက်သည်။သူဘာကြောင့်မှန်းမသိ မောင့်ကို ထိတွေ့နေတဲ့သူ့လက်တွေက ပိုင်စိုးပိုင်နင်းနိုင်ပြီး ရဲတင်းသည်။

ဆရာဝန်နဲ့မင်းသန့်ကိုကိုမောင်  စကားတွေ ပြောနေခဲ့တဲ့ တစ်လျှောက်လုံးအပြင် ယခုထက်တိုင် မောင်ကတော့ ဘာစကားမှ မပြောဘဲ ကြည်နူးမှူ မြောက်များစွာ ပြည့်နှက်နေသော အကြည့်တွေဖြင့်သာ မင်းသန့်ကိုကိုမောင်အား ကြည့်နေခဲ့သည်။

"ညီလေး ဗိုက်ဆာ နေလို့လား "

"ဟုတ်ကဲ့ "

"ဘာစားချင်လဲ ညီလေး ..."

"ကိုကို့ ကို "

"ဟမ်"

ဘာအဓိပ္ပါယ်ကို ဆိုလိုချင်လဲဆိုတာ သိနေတာကြောင့် မင်းသန့်ကိုကိုမောင်ရဲ့ မျက်နှာကြီးက ရဲတက်လာသည်။

ဒီကောင်လေးနဲ့ ရှိရတာ မင်းသန့်ကိုကိုမောင်  တကယ် ကို ရင်တုန် ပန်းတုန် ရှိလှသည်။အသားအရည်ဖြူလွန်းသူ ဖြစ်တာကြောင့် အနည်ငယ်ရှက်တာနဲ့  မင်းသန့်ကိုကိုမောင် ရဲ့ နားရွက်လေးတွေ ပါးလေးတွေ ရဲလာတတ်သည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now