{19} Uni

3.1K 133 32
                                    

မင်းသန့်ကိုကိုမောင်  အိမ်မပြန်ဘဲ တည်းရမဲ့ Hotel ခန်းထဲသို့ ရောက်သည်နှင့် ရက်ရှည် နေဦးမှာ ဖြစ်သည့် အတွက် ပစ္စည်းတွေကို စနစ်တကျ နေရာတကျ စီရီထားလိုက်၏

ပစ္စည်းတွေစီရင်း ချွေးတွေ စို့လာသောကြောင့် ရေချိုးရန် အတွက် ရေချိုးခန်းထဲ ဝင်လိုက်သည်နှင့် အတွေးထဲ ပေါ်လာသည်က ပါးချိုင့်လေးတွေ ခွက်ဝင်နေအောင် ပြုံးပြနေတဲ့ မောင့်မျက်နှာလေးပင်။

မင်းသန့် ခေါင်းကို အသွင်သွင် ခါရမ်းလိုက်မိ၏ ။ဒီကောင်လေးရဲ့ မျက်နှာကို သူလုံးဝ မေ့ဖျောက်လို့မရဘူး။ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကို ခဏ ခဏ မြင်ယောင်နေမိတာကြောင့် ကိုယ့်ကိုယ်ကိုယ်လဲ မုန်းသည်။

တစ်ဆက်ထဲမှာပဲ အဲ့ကောင်လေးအကြောင်းတွေးမိတာနဲ့ တင် သူ့ရဲ့ ရွှေချောင်းလေးက မာလာတော့သည်။

ကောင်လေးမျက်နှာကို မြင်ယောင်ရင်း အာသာမဖြေချင်တာကြောင့် ကိုယ့်စိတ်ကို ထိန်းချုပ်ရင်း ရေအေးတွေကို ခေါင်းကနေ လောင်းချပစ်ကာ ဖြေဖျောက်မိသည်။

ရေချိုးခန်းထဲက ထွက်လာသည်နှင့် Gay ချင်နေတဲ့ စိတ်တွေ ပ ပျောက်သွားအောင် ကောင်မလေး နဲ့ တွဲကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူ့ဘဝတစ်သက်တာလုံးမှာ ဘယ်ယောက်ျား မိန်းမကိုမှ စိတ်မဝင်စားဖူးသည့်အပြင် မင်းသား၊ မင်းသမီးကအစ ကြိုက်ခဲ့ဖူးတာမျိုးတောင် မရှိ။

သူ့ရဲ့အရာရာဟာ မောင့်အပေါ်မှာပဲ စုပြုံပြီး စိတ်တွေ နစ်ဝင်ခဲ့ဖူးသည်။ထို့ကြောင့်လဲ သူ့ကိုယ်သူ ပြောင်းလဲ ကြည့်ချင်ပေမယ့်လဲ ရိုးရိုးသားသား မိန်းကလေးတွေကို ပစ်မှတ်မထားရက်တာကြောင့် အပျော်ဇယား လောက်နဲ့ အရင် စကြည့်မယ်လို့ ဆုံးဖြတ်ထားသည်။

ကိုယ့်ကိုယ်ကို ဝေခွဲရခက်နေသည်က ပို၍ ဆိုးရွားသောနာကျင်မှု ဖြစ်သောကြောင့်ပင်။

မင်းသန့်ကိုကိုမောင်  အဝတ်အစားလဲပြီး Hotelနဲ နီးရာ Club တစ်ခု တွင် စိတ်ပြေလက်ပျောက်သွားသောက်ရင်း သူ့ကိုယ်သူ စမ်းသပ်ဖို့ ကွန်ဒုံးက အစ ဆောင်သွားသည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now