{37} ZG

657 10 0
                                    

မင်းသန့်ကိုကိုမောင်တို့ စိတ်အပူလွန်ပြီး ဖုန်းမချနိုင်သည့် ကိစ္စက ပူပူနွေးနွေး လက်ထပ်ပြီးခါစ သတို့သမီးလေး နှစ်ယောက်၏ ပျော်ရွှင်မှူတွေကို ဒေါသအဖြစ် ပြောင်းလဲ သွားရစေသည်။

"တောက် စ် !!!
မေရှား နင်ကြားလား ..
ဟို အကောင် ငါ့ အကို ကို မြှူဆွယ်နေတာ မောင်နှမ သုံးယောက်စလုံး တစ်ယောက်မှ ကို အလွတ်မပေးတဲ့ အကောင် အဲ့အကောင်ကိစ္စ ငါ့ အကို သိမှ ရတော့မယ် မေရှား ဒီခွေးသူတောင်းစားက တော်တော် လွန်နေပြီ "

ဖုန်းကို ဟိုဘက်က မင်းသန့်ကိုကိုမောင်ကလဲ မချသလို  ဒီဘက်က သတို့သမီး ပူပူနွေးနွေးကလဲ ဟိုဘက်ကပြောသမျှ ကို နားထောင်နေရင်း ဒေါသတို့ဖြင့်  နှုတ်ခမ်း ကို ကိုက်ထားသည်မှာ သွေးလေးတွေ ပင် ဆို့ လာသည်။

မေရှားခက်ထန် သူ့မိန်းမလေး ကို ကြည့်ရင်း ရင်တွေ ပူလောင်နေရသည်။ သူချစ်ရတဲ့ အမျိုးသမီးလေးရဲ့ ဒေါသတို့ကို ထိန်းချူပ်ပေးရန်
အဲ့ဒီအမျိုးသမီးလေးရဲ့ လက်ထဲမှာ ကိုင်ပြီး သေချာနားစွင့်နေတဲ့ ဖုန်းလေးကို ယူလိုက်ကာ ဖုန်းချပစ်လိုက်ပြီးနောက် သူ့အား မကျေမနပ်ဖြင့် မျက်စောင်းထိုးနေသော အမျိုးသမီးလေး၏ နှူတ်ခမ်းလေးအား ထိကပ်ရုံမျှ အနမ်းလေး ကို ထပ်ခါ ထပ်ခါ ပေးရင်း အောက်နှူတ်ခမ်းကို သွေးထွက် မတက် ကိုက်ခဲနေတဲ့ မိန်းမလေးအား အာရုံပြောင်းအောင် လုပ်ပေးလိုက်သည်။

"မိန်းမလေးကလဲ ကွာ ...အရမ်းတွေ စိတ်တို မနေပါနဲ့..  မင်းသန့်က တင်တွေ ရင်တွေ ကြီးတဲ့ ကောင်မလေး တွေပဲ ကြိုက်တာပါ ပြီးတော့..
မင်းသန့်က Gay မှ မဟုတ်တာ သူ့လောက်ယောက်ျားပီသတာ သူပဲ ရှိတယ် "

မေရှားရဲ့ ပုံစံက အတိအကျ သိသလို ပြောတဲ့အခါ အိမ့်မှူးမသင်္ကာ ဖြစ်လာသည်။

"နင်က ဘယ်လို သိတာလဲ "

"သြော် ဒါကလေ မြင်ရုံနဲ့ သိနိုင်တယ်"

"ထားပါ ...ငါ့အကိုက ယုံရရင်တောင် ဟိုအကောင်ကိုတော့ ငါ မယုံဘူး ..အဲ့ကောင်က မာယာများတယ်.. ငါ့အကို ကိုပါ ငါ့မောင်လေးလိုမျိုး လုပ်လိုက်မှာ စိုးရိမ်တယ် •••••"

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now