{34}Uni

2.1K 82 2
                                    

မင်းသန့်ကိုကိုမောင်ရဲ့ ၁၀တန်းလောက်ထဲက ပုံတွေသာမက ရန်ကုန်သို့ ပြန်ရောက်လာတုန်းက ပုံတွေပါ အများကြီး တွေ့လိုက်ရသည့်အပြင် Note လေးတွေ နဲ့ ပါ ဘယ်နေ့ ဘယ်အချိန်က ဒီပုံလေးကို ရိုက်ထားပြီး ကိုကိုက ဘယ်လိုအပြုအမူလေး လုပ်နေတာ စသဖြင့် တစ်ပုံချင်းစီတိုင်းမှာ အမှတ်တရတိုင်းကိုရေးမှတ်ထားသေးသည်။

ဒီအနေအထားလောက်ဆိုရင် မောင်က မင်းသန့်ကိုကိုမောင် အပေါ် ဘယ်လို စိတ်သဘောထား ရှိသလဲ ဆိုတာကို မင်းသန့်ကိုကိုမောင် နားလည်သွားရသည်။

ကိုကိုဆိုတဲ့ အခေါ်အဝေါ်လေးကို ဓာတ်ပုံတိုင်းမှာတွေ့ပြန်တော့ အိမ့်မှူးပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့နေ့က မောင်တစ်ပတ်လှိမ့်သွားတာလေးကို ပြန်တွေးမိရင်း မင်းသန့်အောက်နှုတ်ခမ်းလေးကို ကိုက်ကာ အရှက်သည်းရသေးသည်။

!တကယ့်ကို ကလေးသေးသေးလေးနဲ့ တူတယ် မောင်က .....Baby ပေါက်စလေး !

ဆေးရုံ ကုတင်ထက်မှာ အပြစ်ကင်းစွာ သတိမေ့လဲလျောင်းနေသော မောင့်အား ကြည့်နေရင်း သက်ပျင်းချမိလိုက်သည်။

သူကိုယ်တိုင်လဲ မောင့်အပေါ်မှာ နှလုံးသားရော ခန္ဓာကိုယ်ရော တိမ်းညွတ်ခဲ့မိပါသည်။ အိပ်မက်လေး တစ်ခု တွင် သာယာမိသောကြောင့် ကိုယ့်ကိုယ်ကိုယ် လဲ ရွံရှာခဲ့ရဖူးသလို အိပ်မက်ထဲက အထိအတွေ့တွေကို မေ့ပျောက်နိုင်အောင် အမျိုးမျိုး ကြိုးစားခဲ့ရသော်လည်း အခုလို မြင်လိုက် သိလိုက်ချိန်တွင်တော့ စိတ်အလုံးစုံက ဒီလူသားဆီကို ရောက်ရှိသွားရပြန်သည်။

ကြိုးစားပြီးမေ့ဖျောက်တဲ့ အရာတွေက
ပိုပြီး မေ့ရခက်စေသည်။

မောင်ကလဲ သူ့ကို ပြန်ကြိုက်နေတဲ့ အကြောင်းသိတဲ့အခါ သူ့ခန္ဓာကိုယ်က ဇာတိပြလာသည်။

မေ့​မျောနေတဲ့ ခန္ဓာကိုယ်လေး မှ အကြည့်လွှဲ ပြီး ခန္ဓာကိုယ် အနှံ့ကို စိတ်တွေ ထိန်းချုပ်ကာ ရေပတ်တိုက်ပေးလိုက်ပြီး အင်္ကျီအဝတ်အစား လဲ ပေးလိုက်ပြီးနောက် ခန္ဓာကိုယ် အလယ်ပိုင်း ရဲ့ ထကြွနေတဲ့ တစ်နေရာအား ဖြေလျှော့ရန် ရေချိုးခန်းထဲ သို့ အပြေး နှင်လိုက်ရတော့သည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now