{9} Uni

4.3K 191 57
                                    

အထက (၄) အလုံ နဲ့ ပတ်သက်လာလျှင် အများစု သတိထားမိသည်က လက်မောင်း တံဆိပ်ပင်။

သူငယ်တန်းမှ စတုတ္ထတန်းအထိ က လက်မောင်း တံဆိပ် အနီရောင်၊
ပဥ္စမတန်း မှ သတ္တမတန်း အထိက လက်မောင်းတံဆိပ် အပြာရောင်၊
အဋ္ဌမတန်း အတွက်က လက်မောင်းတံဆိပ်က  လိမ္မော်ရောင်ဖြစ်ပြီး
နဝမတန်း နဲ့ ဒသမတန်း အတွက် လက်မောင်းတံဆိပ် အရောင်က အစိမ်းရောင် ဖြစ်သည်။

အထက(၄) အလုံ ကျောင်းမှာ ဆိုရင် အရှေ့ဘက် အပေါက်က ဝင်ရင် ကျောင်းဆောင်ကို ကွေ့ပတ်ပြီး ဝင်ရသလောက် အနောက်ပေါက်က ဝင်ရင်တော့ ပထမဆုံးတွေ့ရသည်က ၃ ထပ် ကျောင်းဆောင် ဇေယျာဆောင် ပင်။

မြေညီထပ် မှာ ဒသမတန်း အတွက် အခန်းခွဲတွေ ဖြစ်ပြီး အလယ်ထပ်က နဝမတန်းတွေ အတွက် ဖြစ်ကာ အပေါ်ဆုံးထပ်ကတော့ ကွန်ပျူတာခန်းများ ဖြစ်သည်။

ချစ်ရသူ နဲ့ မေဂျာလည်းတူ ၊ ကျောင်းလဲ တူသည့် အပြင် ၊ ကျောင်းဆောင်ကပါ တူနေတာကြောင့် မောင် အပျော်ကြီး ပျော်မိသည်။

တစ်ကျောင်းလုံးရဲ့ အရပ်အရှည်ဆုံးဖြစ်သည့် အပြင် ကျောင်းရဲ့ King လဲ ဖြစ်သည့် မင်းသန့်ကိုကိုမောင်က သီးသန့်ဆန်ပြီး အနေတည်သည်။

မာနကြီးသည့် ပုံ မပေါက်သော်လည်း အနေတည်လွန်းတာကြောင့် ဘယ်သူနဲ့ မှ အပေါင်းအသင်း မလုပ်ဖြစ်ပေ။

မင်းသန့်ကိုကိုမောင်ရဲ့ နေ့ရက်တိုင်းက သူ့အမြွှာညီမ အိမ့်မှူးသခင်နွယ်နဲ့သာ စပြီး အိမ့်မှူးသခင်နွယ်နဲ့ သာ အဆုံးသတ်သည်။

အိမ့်မှူးသခင်နွယ်သာ ယောက်ျားသားတစ်ယောက်ဖြစ်မည် ဆိုပါက အိမ်သာတောင် အတူတူ ဝင်မည့် ပုံပေါက်သည်။

မင်းသန့်ကိုကိုမောင်က အနေတည်ပြီး ဘယ်သူနဲ့မှ အဖက်မလုပ်သော်လည်း တစ်ပါးသူ သူ့အရှေ့မှာ အကူအညီ လိုနေပါက ချက်ချင်းကို မဆိုင်းမတွ ကူညီပေးသည်။

တစ်ခါကဆို ကျောင်းမုန့်စျေးတန်းထဲမှာ ကောင်မလေးတစ်ယောက် ဓမ္မတာလာပြီး ထဘီနောက်မှာ သွေးတွေ အကွက်လိုက်ဖြစ်နေတာကြောင့် ထိုင်မရ ထမရဖြစ်ပြီး အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ ထိုလူသားက သူ့အနွေးထည်လေးကို ချွတ်ပြီး ကောင်မလေးကို ပေးလိုက်၏ ။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now