{5} Uni

5.3K 260 20
                                    

"သဇင်ဝင့်ဝါ လူပြန်ဝင်စားခြင်း"


မော်လမြိုင်မြို့ရဲ့အချမ်းသာဆုံး ဆန်စက်ပိုင်ရှင်လဲဖြစ်သလို တခြားလုပ်ငန်းပေါင်း မြောက်များစွာပိုင်ဆိုင်တဲ့ မွန်တရုတ် ကပြား ဦးကျင်ကြွယ်နဲ့ ဒေါ်ယုယမင်းတို့က အစစ အရာရာ ချမ်းသာ ကြွယ်ဝပြီး လိုတိုင်း တတိုင်းရဖြစ်နေသော်လည်း သားသမီးရတနာ တော့ မထွန်းကားချေ။

အိမ်ထောင်သက်တမ်း အနှစ် နှစ်ဆယ် ဖြစ်သည့်အပြင် အသက်အရွယ် အားဖြင့်လည်း လေးဆယ့်ငါးနှစ် ရှိပြီဖြစ်တာကြောင့် ကလေးလိုချင်ကြပေမယ့် လက်လျှော့ထားကြရတယ်။

ကံကကောင်းချင်တာပဲလား။
ထိုက်တန်တဲ့ အချိန်မို့ ရောက်ရှိလာတာလား တော့ မပြောတတ်ပေမဲ့ ဒေါ်ယုယမင်းရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့ညမှာတော့ ထူးဆန်းတဲ့ အိမ်မက် တစ်ခုကို မြင်မက်၏ ။

အိမ်မက်ထဲမှာ ဒေါ်ယုယမင်းအား နောက်ကျောပေးကာ သဇင်ပန်းတွေ ဝေဆာနေအောင်ပန်ဆင်ထားသည့်အပြင် ခန္ဓာကိုယ်အချိုးအစား အလွန်လှပသည့် မိန်းမပျိုလေး တစ်ဦးက တစ်ရှုံ့ရှုံ့ နဲ့ ငိုကြွေးနေတာကို မြင်နေရသည်။

ဒေါ်ယုယမင်းလဲ တသိမ့်သိမ့်နဲ့ ရှိုက် ငိုနေတဲ့ မိန်းမပျိုရဲ့ ကျောပြင်လေးကို လက်ဖျားလေးနဲ့ ဖွဖွလေး ထိလိုက်ပြီး...

"ကလေးမ ဘာလို့ အဲ့လောက်တောင် ငိုနေတာလဲ "

"မောင် မ ရှိတော့ဘူး
မောင်က ထားခဲ့ပြီ
တစ်ယောက်ထဲနေရတာ အထီးကျန်လွန်းလို့
အမ တို့ နဲ့ နေပါရစေ ......"

ကောင်မလေးက အရမ်းကို ချောလှတဲ့ အပြင် တကယ်ကို အကူအညီ လိုနေတဲ့ ပုံစံလေး ပေါက်နေတာကြောင့် .....

"အေး ... နေလေ ကလေးမ "

ဒေါ်ယုယမင်းက နေလေ လို့ ပြောလိုက်တာနဲ့  သဇင်ပန်းတွေ ဝေဝေဆာဆာ ပန်ဆင်ထားပါသော အမျိုးသမီးငယ်လေးက ဒေါ်ယုယမင်းရဲ့ ဗိုက်လေးပေါ်လက်ဖဝါးလေး တင်ထားရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဒေါ်ယုယမင်းလဲ အမျိုးသမီးငယ်လေး ထူးဆန်းစွာ ပျောက်သွားတာကြောင့် လန့်ပြီး နိုးလာတဲ့အခါ ဦးကျင်ကြွယ်ပါ နိုးလာတော့သည်။

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now