{29} ZG

610 11 0
                                    

မင်းသန့်ကိုကိုမောင် ရဲ့ အမေ ခမျာ ပူဆွေးသောကရောက်ရလွန်းတာကြောင့် ...

"ဘုန်းဘုန်း ဘုရား သားလေး ရဲ့ အခြေအနေ ကို သိချင်လို့ပါ "

"ဒကာလေး ရဲ့ အခြေအနေက ခဏနေ ပြန်ကောင်းသွားမှာပါ ဒါပေမယ့် သူ့ရဲ့ ကံကြမ္မာကတော့ ပြောင်းလဲ လို့ မရတော့ဘူး... အတိတ်ကံရော ပစ္စုပ္ပန်ရောက တစ်ဉီးတစ်ယောက်ထဲအပေါ်မှာပဲ တည်ရှိနေတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဒကာကြီးရော ဒကာမကြီးရော စိတ်ကို ပြင်ဆင်ထားပါ"

"ဘယ်လိုမျိုးကို ဆိုလိုချင်တာပါလဲဘုရား"

" ဒကာလေးက အမျိုးသား တစ်ယောက်နဲ့ ကံကြမ္မာဆက်စပ်နေတာပါ အထူးသဖြင့် သူ့ရဲ့ဖူးစာဖက်...
ဒီဒကာလေးအပေါ်မှာ ပြုလုပ်ထားတဲ့ မကောင်းတဲ့ အရာတွေကို ဖယ်ရှားပြီးသွားပါပြီ   ..
ဒါပေမယ့် ဒကာလေးကို အခုလို လုပ်တဲ့သူက လဲ တခြားသူမဟုတ်ဘူး ဒီဒကာလေး ရဲ့ ဖူးစာဖက်ပါပဲ ...
နောက်ပြီး သူတို့ရဲ့ ကံကြမ္မာကိုလဲ  ဘယ်သူကမှ ပြုပြင် ပြောင်းလဲ လို့ မရဘူး..
သံသရာ ဘဝ အဆက်ဆက် က ဖူးစာရှင်တွေ..."

"ဘုန်းဘုန်းဘုရားဆိုလိုချင်တာက သားလေးကို ဒီလောက် ဝေဒနာတွေ နဲ့ ဖြစ်အောင် လုပ်တဲ့ သူကို လက်ခံပေးရမယ်ဆိုတဲ့ သဘောလား ဘုန်းဘုန်း ...
တပည့်တော်မကတော့ လက်မခံနိုင်ဘူး ဘုန်းဘုန်း...
တပည့်တော်မက သားသမီးတွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားခဲ့တာပဲ ...
တပည့်တော်မတို့က သားသမီးတွေကို ဘယ်သူနဲ့ထားပါ ဘယ်ဝါနဲ့ ထားပါလဲ မပြောခဲ့ဖူးဘူး။ ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ယူတာက အပြစ်မဟုတ်ဘူး ဘုန်းဘုန်း။
အခု လို မဟုတ်တဲ့ နည်းတွေနဲ့ ရအောင်လုပ်တဲ့ အောက်တန်းစားနဲ့တော့ လက်မခံနိုင်ပါဘူး ဘုန်းဘုန်း "

"ဒကာမကြီးလဲ အတ္တတွေ သိပ်ကြီးသကိုး ...အနိစ္စ မမြဲခြင်း သဘောတရား တွေပါပဲ...
လူတွေက မွေးဖွားလာပြီးရင် သေဆုံးကြရမှာပဲ ...
ရန်သူမျိုး ၅ ပါးထဲမှာတောင် မချစ် မနှစ်သက်သောသူနှင့် ပေါင်းဖက်ရခြင်းဒုက္ခ ပါတာပဲလေ
ဒကာမကြီးလဲ အသက်အရွယ် ရနေပြီပဲ
သိပ်ကိုပြောင်းလဲချင်ရင် ရာသက်ပန်
သင်္ကန်းဝတ်သာ လဲပေးလိုက်တော့ "

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now