{22} Uni

2.8K 121 12
                                    

ည ၁၀ နာရီ ထိုးခံနီးလောက် ဖြစ်နေတာတောင် မောင်က နိုဗယ် တစ်ယောက်ထဲကို ကမ်းနားမှာ ထားခဲ့ပြီး ကားကို အရှိန်ပြင်းပြင်း မောင်း၍ ထွက်သွားသည်။တစ်ချက်တောင် လှည့်မကြည့်ဘဲ လျစ်လျူရှုကာ ထွက်သွားသည်က ပြတ်သားလွန်းသည်။

ည၁၀ နာရီ ထိုးခံနီးဖြစ်နေတာကြောင့် ကမ်းနားမှာ လူတွေ ရှင်းနေလေပြီ။လူတွေ တအားရှင်းလင်းနေတာကြောင့် နိုဗယ်ကြောက်နေမိသည်။သို့သော်လဲ ကြောက်ကြောက်နဲ့ အိမ်ကိုသာ အားတင်းပြီး ပြန်လာခဲ့၏ ။သူ့အမှားနဲ့သူ သူ့အပြစ်နဲ့သူဖြစ်နေတာကြောင့် ဘယ်သူ့ကိုမှ အကူအညီ မတောင်းရဲရှာဘူး။

အိမ်ရောက်တာနဲ့ တစ်အိမ်လုံးကို တောင် စကားမပြောနိုင်ဘဲ သူမရဲ့အိပ်ခန်းထဲ ကို ပဲ တန်းဝင် သွားလိုက်သည်။သူမ တကယ်ကို စိတ်တွေလေးလံနေမိသည်။သူမမျှော်လင့်ထားခဲ့သလို ဖြစ်မလာနိုင်တော့ဘူးဆိုတာ ပိုသေချာသွားခဲ့ပြီ။

မောင့် ရဲ့ Facebook မှာ တင်ထားတဲ့ မောင်တစ်ယောက်ထဲ ရိုက်ထားတဲ့ ပုံလေးတွေကို လိုက်ကြည့်ရင်း အိမ့်မှူးသခင်နွယ်နဲ့ အတူ တွဲရိုက်ထားတဲ့ပုံလေး ကို မြင်မိတဲ့အခါ
မျက်ရည်တွေ အတားအစီး မရှိ ကျဆင်းလာခဲ့သည်။ပြီးတော့ သူမ တကယ်ကို နောင်တရနေလေပြီ။

သူမကို မောင်ကြည့်တဲ့ မျက်ဝန်းတွေထဲမှာ အထင်သေးမှုတွေ၊ နှိမ့်ချမှုတွေ၊ မုန်းတီးမှုတွေ၊ရွံရှာမှုတွေကို တွေ့မြင်ရပြီး အိမ့်မှူးသခင်နွယ်ကို မောင်ငေးကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ ကျတော့ မြတ်နိုးမှုတွေ၊တန်ဖိုးထားမှုတွေအပြင် အထင်ကြီးအားကျမှုတွေပါ ပါဝင်နေသည်။

ဓာတ်ပုံတွေကို တစ်ပုံချင်းထောက်ကြည့်ရင်း သူမ သဘောပေါက်လာခဲ့သည်။သူမက မောင်ဆိုတဲ့ အမျိုးသားရဲ့ မျက်ဝန်းထဲမှာ ဘယ်တုန်းကမှ ဘောင်မဝင်ခဲ့ဘူး။မြူမှုန်တစ်စလောက်တောင်မှ အရေးမပါခဲ့ဘူး။

!အမက ကံကောင်းပါတယ်
နိုဗယ်ကသာ အရူးထခဲ့တာ...
ကို့ မှာ ပိုင်ရှင် ရှိမှန်း သိနေခဲ့တာတောင်မှ
နိုဗယ်က အပိုင် လိုချင်ခဲ့တာ...
နိုဗယ်အခု သိလိုက်ပါပြီ
ကို က နိုဗယ့်ကို အလိုမရှိဘူးဆိုတာကို
နိုဗယ့်အမှားတွေအတွက် နိုဗယ့်ကို ကူညီမယ့်သူမရှိဘူး
နိုဗယ့် ဒီကိုယ်ဝန်ကလဲ နိုဗယ့်အတွက် အသုံးမဝင်တော့ဘူး
နိုဗယ်မသိခဲ့ဘူး သူများပိုင်ဆိုင်တဲ့ အရာကို လုယူရတာ အပူတွေ ဘယ်လောက်ထိ များလဲ ဆိုတာကို
နိုဗယ်ပဲ အစစ အရာရာ အာလုံးမှားခဲ့တာပါ
အကယ်၍ များ ပြန်ပြင်ဆင်ခွင့် ရှိခဲ့မယ် ဆို ကို့ကို စတွေ့တဲ့ နေ့ရက် လေး ကို ကျော်သွားလိုက်ချင်ပါတယ်
နိုဗယ့် ဘဝမှာလေ ကို့ ကိုသာ ပထမဆုံး ချစ်ခဲ့မိသလို
ကို့ ကိုသာ ပထမဆုံး ပိုင်ဆိုင်ချင်ခဲ့တာပါ
နာကျင်နေမှန်းသိသိရက်နဲ့ ဆွဲထားချင်နေမိတယ်။
မီးဆိုတာ ပူလောင်မှန်းသိနေပေမယ့် တိုးဝင်ချင်နေမိတယ်။!

Min Thant Ko Ko Maung + Maung  {S1}(Completed)Where stories live. Discover now