{41}Uni

2.2K 81 14
                                    

ကြမ်းပြင်ပေါ်မှာ ခေါင်းက သွေးတွေ နဲ့ အတူ လဲကျနေတဲ့ မင်းသန့်ကိုကိုမောင်ရဲ့ နှလုံးခုန်သံကို စမ်းကြည့်ရင်း မောင့် မျက်နှာက လိုချင်တာရသွားတဲ့ကလေးတစ်ယောက်လို  ပြုံးရွှင်လို့နေသည်။

"ကိုကို ကျွန်တော့်ကို ဘယ်တော့မှ မုန်းတယ်လို့ ပြောလို့ မရတော့ဘူး "

သွေးတွေအိုင်ပြီး မှောက်လျှက်ဖြစ်နေတဲ့ မင်းသန့်ကိုကိုမောင် ရဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ပွေ့ချီထားပြီး မင်းသန့်ကိုကိုမောင်ရဲ့ နဖူးလေးကို တဖွဖွ အနမ်းခြွေနေကာ အသိစိတ်လွတ်နေသည်က မောင်။

ဓာတ်ဘူးထဲက ဓာတ်သားဖန်ကွဲစတွေကို မြင်ပြီး မောင့်စိတ်တွေဟာ ပုံမှန်မဟုတ်တော့။

သူ့ရဲ့ လက်ကောက်ဝတ်နေရာက  အသက်သွေးကြောနေရာကို ထိုဓာတ်သားဖန်ဖြင့် လှီးဖြတ်ရန် ကြံရွယ်သည်ကို သူ တစ်ဦးတစ်ယောက်ထဲက သာ အသိဆုံး။

မင်းသန့်ကိုကိုမောင်ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရင်း အနားမှာရှိနေတဲ့ ဓာတ်သားဖန်ကွဲစလေးကို ကောက်ယူလိုက်ပြီး တုန်ယင်နေတဲ့  သူ့ရဲ့ လက်ကောက်ဝတ်လေးကို လှီးဖြတ်လိုက်သော်လည်း အားနည်းနေတဲ့ သူ့ရဲ့ လက်တွေကြောင့် သေကံ မရောက်သေးတဲ့ သူ့အတွက် လှောင်ပြောင်နေသလိုပါပဲ။

ရှရာတွေသာ ဗလပွ ဖြစ်သွားရသော်လည်း
သူဟာ အသက်မပျောက် ဖြစ်နေသည်။

မောင် ရင်တွေ တအားတုန်နေပြီး သူ့ရဲ့ နှလုံးခုန်သံတွေကိုပါ သူပြန်ကြားနေရသည်။မောင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးတွေ ထွက်နေပြီး ပျို့ပျို့တက်ကာ အန်ချင်နေသည်။

မျက်လုံးတွေက လဲ မတည်ငြိမ်ပဲ အသက်ရှူတွေပါ ကျပ်လာသည့်အပြင် တစ်ကိုယ်လုံးတုန်ယင်နေကာ လက်တွေ ခြေတွေပါ အားမရှိသလို ခံစားလာရသည်။

မောင်ဘယ်လောက်ပဲ ဝေဒနာတွေ ခံစားနေရပါစေ၊ သူ့ရဲ့ မျက်လုံးတွေက သူ့အရှေ့က လူသားလေး အပေါ်မှာပဲ အကြည့်တွေက သက်ရောက်နေပြန်သည်။

"ကိုကို ကျွန်တော့်ကို စောင့်နေနော် .....ကိုကို မုန်းတယ်လို့ ကျွန်တော့်ကို မပြောတော့မဲ့ နေရာမှာ တွေ့ကြမယ်"

Min Thant Ko Ko Maung + Maung  {S1}(Completed)Unde poveștirile trăiesc. Descoperă acum