အခန်း(၄၂၃)

54 4 0
                                    


အခန်း (၄၂၃) : တာအိုအုတ်မြစ်

ဝမ်ဝေ့က ကျင့်စဉ်ကို နားလည်ဖို့ နက်နက်နဲနဲ အာရုံစိုက်ထားပြီး သူ အောင်မြင်နိုင်ဖို့ သေချာအောင် အသေးစိတ်ကို အပြန်ပြန်အလှန်လှန် ဖတ်ရှုနေသည်။ ယခင်ကောက်ချက်ချထားသည်အရ ပန်းသုံးပွင့်ဖွဲ့စည်းခြင်းတွင် ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် စွမ်းအား အဆီအနှစ်တို့ ပါဝင်နေသည်။

ထိုအရာများကို ဖွဲ့စည်းပြီးသည့်နောက်တွင် အုတ်မြစ်က သိမ်မွေ့သွားပြီး ပြီးပြည့်စုံသည့်အခြေအနေသို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်။ ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် စွမ်းအား တိုးတက်လာရုံသာမက စည်းမျဉ်းများကို နားလည်ပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးဖွင့်လာ၏။

" အဆင်သင့်ဖြစ်ပြီလား" ဝမ်ဝူချန်က မေးလိုက်သည်။

" ဟုတ်"

" မင်းက ဘယ်ဟာကို အရင်ဆုံးဖွဲ့စည်းမှာလဲ"

" အဆီအနှစ် ပန်းပွင့်ပါ"

" ဒီလိုဆိုရင် စလိုက်ကြရအောင်"

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့အခြေအနေကို ထိန်းညှိလိုက်သည်။ ထို့နောက် သူက တရားထိုင်လိုက်၏။

ဝမ်ဝူချန်က သူ့အနောက်ဘက်ရောက်လာကာ သူ့ကျောပေါ် လက်တင်လိုက်သည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုအထိ ပျံ့နှံ့သွားကာ အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါနှင့် အစရှိသဖြင့် ရောက်ရှိသွားသည်။ ထိုအရာ ဖြတ်သန်းသွားသည့်အခါတိုင်း အညစ်အကြေးများကို ဖယ်ရှားသွားလေ၏။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် ပြစ်ချက်ကင်းသည်ဟု တွေးထားခဲ့မိသော်လည်း ယခုအခါမှ ပြစ်ချက်ကင်းသည်ဟူသော အဓိပ္ပာယ်နှင့် ပြီးပြည့်စုံသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခဲ့သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now