အခန်း(၄၉၀)

75 8 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၄၉၀) : ကံကြမ္မာမဲ့

"ဒါနဲ့ မင်းက ကံကြမ္မာမဲ့ လား" ဝမ်ဝေ့က မေးလိုက်သည်။

" နောက်ဆုံးတော့ ခင်ဗျား သိသွားပြီပေါ့ "

ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် မရယ်မောလိုက်ခင် စစ်ဆေးမှုနှင့် ပတ်သက်သည့် ကိစ္စများစွာက စိတ်ထဲ ပေါ်ထွက်လာသည်။

" ခင်ဗျားရဲ့ အကြည့်ထဲ အားကျမနာလို ဖြစ်နေတာကို တွေ့လိုက်ရတာလား" ကျန့်ချောင်းက သရော်ကာ ပြောလိုက်သည်။

သို့သော် ဝမ်ဝေ့က သူ့အား ပြန်မဖြေပေ။ ကံကောင်းမှု စစ်ဆေးပွဲက မျိုးဆက်တိုင်း ကြုံတွေ့ရလေ့ရှိပြီး ဧကရာဇ်မျိုးနွယ်အသီးသီးက သူတို့ပုံမှန် လုပ်ဆောင်သည့် ကမ္ဘာတစ်ခု ရှိထားကြသည်။

သို့သော်လည်း ဤမျိုးဆက်တွင် မဟာဝူတိုင်းပြည်က ကမ္ဘာအသစ်ကို ရှာတွေ့ခဲ့ပြီး ကောင်းကင်ရွေးချယ်ခံများကို စိန်ခေါ်မှုဖြစ်လာစေရန် ကမ္ဘာအသစ်ဆီ စစ်ဆေးမှု ပြောင်းရွေ့ခဲ့ကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက တခြားလူများနှင့် သဘောတူခဲ့စဉ် ဓားရေးစံအိမ်နှင့် ယင်စန္ဒာနန်းဆောင်ကဲ့သို့သော တခြားဂိုဏ်းများက ယခင်ကမ္ဘာဟောင်း၌သာ စစ်ဆေးပွဲ လုပ်ခဲ့ကြသည်။ သို့သော်လည်း ဤကမ္ဘာတွင် အလွန်တရာ ရှားပါးလှသည့် ကံကြမ္မာမဲ့ လူသားတစ်ဦး ရှိနေခဲ့၏။

ကံကြမ္မာမဲ့ သက်ရှိဆိုတာ ဘာလဲ ...

နာမည်အတိုင်း သူတို့ မွေးဖွားလာကတည်းက ကံကြမ္မာဖြင့် ချည်နှောင်ခံထားရမှု မရှိသည့် သက်ရှိများ ဖြစ်ကြသည်။

ကံကြမ္မာဘီးလုံးက သူတို့ကံကြမ္မာကြိုးမျှင်ကို ရစ်ပတ်လိုက်ပြီးသည့်နောက် သူတို့က ကံကြမ္မာဆီမှ သက်ရောက်မှု မခံရတော့ဘဲ ကိုယ်ပျောက်သဖွယ် ဖြစ်သွားကြသည်။ သူတို့တည်ရှိမှု လျှောက်လှမ်းတိုင်းက သတ်မှတ်ထားပြီးသား ဖြစ်၏။ သူတို့ဘဝကို ပြင်ပအားတစ်ခုမှ ဝင်ရောက်စွက်ဖက်ကာ သူတို့ကံကြမ္မာကို မပြောင်းလဲသရွေ့ သူတို့မွေးဖွားလာကတည်းက ဘဝ သတ်မှတ်ပြီးသား ဖြစ်နေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now