အခန်း(၅၆၄)

21 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၆၄) : တန့်ယွမ်ဧကရာဇ်

ဝမ်ဝေ့က ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဘိုးဘေးများသည် ထာဝရဧကရာဇ် မဖြစ်သည်ကို ထူးဆန်းနေခဲ့မိ၏။ အကြောင်းမှာ သူတို့က အသင်္ချေအင်ပါယာကမ္ဘာ၏ ကျင့်ကြံရေးအဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ခဲ့သူများဖြစ်၍ ဖြစ်သည်။

ဧကရာဇ်ခုံက ထာဝရဧကရာဇ်အဆင့် ရရှိဖို့အတွက် ကောင်းချီးတချို့ကို လက်ခံခဲ့သောကြောင့် အနည်းဆုံးတော့ ထိုလူများသည်လည်း သူတို့၏ အောင်မြင်မှုကို တိုးမြှင့်နိုင်စေရန် ကောင်းချီးကို လက်ခံခဲ့သင့်ပေသည်။

" ချင်ကျူးရဲ့ အခြေအနေက နည်းနည်းရှုပ်ထွေးတယ်" ဝူဟုန်က အသေးစိတ်ကို မှတ်မိဖို့ ကြိုးစားရင်း ပြန်ဖြေလိုက်၏။

" အနီရောင်ဆေးပြင်းမီးဖိုအရှင်က ပါရမီထူးတဲ့ ဆေးဖော်စပ်သူပဲ။ ဒါပေမဲ့ သူမက စံပြအဆင့် ဝင်ရောက်ဖို့ ကြိုးစားရင်း ဒဏ်ရာရရှိသွားတယ်။ အဲဒါကြောင့် သူမက ကုသဖို့တင် မဟုတ်ဘဲ အဆင့်တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ထူးကဲဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ ဆုံးဖြတ်ခဲ့တယ်"

" ခဏ ... စံပြဖြစ်လာဖို့ မဟာတာအိုအရင်းအမြစ်ရဲ့ ၉၀ရာခိုင်နှုန်းကို လိုအပ်တာပဲ မဟုတ်ဘူးလား"

" ဘယ်ဟုတ်ပါ့မလဲ။ မသေမျိုးအဆင့် ကျင့်ကြံရေးက ဘယ်လမ်းစဉ်ဖြစ်ဖြစ် မလွယ်ကူဘူး"

" နမူနာ ပေးလို့ရမလား"

ဝူဟုန်က သူ့အား ကြည့်လိုက်သည်။

" ဒါက လမ်းကြောင်းလွဲသွားတယ်ဆိုတာ သိပေမဲ့ ကိုယ်သိချင်လို့ပါ"

" ခဏနေဦး။ ကျွန်မ တွေးကြည့်လိုက်ဦးမယ်။ ကောင်းကင်ဘုံအဆင့်က စိတ်ကြိုက်သက်ရှိကို ဖန်တီးနိုင်ပေမဲ့ တာအိုအုပ်ချုပ်သူတွေကလည်း သူတို့ရဲ့ အတွင်းကမ္ဘာထဲမှာ အဲ့လိုလုပ်နိုင်ကြတယ်။ သူတို့က မဟာတာအိုအရင်းအမြစ်ရဲ့ ပိုမိုမြင့်မားတဲ့ ရာခိုင်နှုန်းကို ရရှိဖို့ သက်ရှိတွေကို လိုအပ်တယ်လေ။ ထာဝရဦးသျှောင်တွေကလည်း သူတို့ကို စုစည်းပြီးတော့ ချီကို သန့်စင်တာမျိုး လုပ်ရတယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now