အခန်း(၄၉၄)

58 6 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၄၉၄) : အလောင်းအစား

" ခင်ဗျားက ဘာလဲ" ကျန့်ချောင်းက ကြောက်ကြောက်လန့်လန့် ဖြစ်သွားသည်။ သူက ထိုစိတ်စွမ်းအား၏ တစ်ရာခိုင်နှုန်းပင် မကူးယူနိုင်ခဲ့ဘဲ လွှမ်းမိုးခံလိုက်ရသည်။ အကယ်၍ ထိုစွမ်းအားကို လက်လျော့ဖို့ အချိန်ဆွဲထားပေးနိုင်သည့် သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် တန်ပြန်သက်ရောက်မှုအောက် သေဆုံးသွားနိုင်၏။

"ငါလည်း မကြာခဏ ကိုယ့်ဘာသာ မေးဖြစ်တယ်။ ဒါပေမဲ့ နက်နက်နဲနဲ မတွေးတာ အကောင်းဆုံးဆိုတာ သိခဲ့တယ်လေ။ အဲဒါက ညဘက် ကောင်းကောင်းအိပ်ပျော်စေတယ်" ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ကျန့်ချောင်းက တုံ့ဆိုင်းဆိုင်းဖြင့် ကြည့်လာသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး မူလနေအထားကို ပြန်ယူလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ ထိုနေ့ရက်မှ အော်သံက ပြန်ထွက်ပေါ်လာကာ သူ့ဆုံးဖြတ်ချက်အား ပိုခိုင်မာသွားစေသည်။

သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ဧကရာဇ်အဆင့် ဓားမော့ကို ဆင့်ခေါ်လိုက်သည်။ သူက တစ်ဖက်လူဆီ ခေါင်းဖြတ်ပစ်ဖို့ ပြေးသွားလိုက်၏။ ဝမ်ဝေ့က ထိုအရာကို မြင်သည့်အခါ သူ့မျက်ဝန်းတစ်လျှောက် နောင်တနှင့် နာကျင်မှုတို့ ဖြတ်ပြေးသွားပြီး သက်ပြင်းချလိုက်သည်။

ဝုန်း

အာကာပြင်တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်လာသည်။ ကျန့်ချောင်းက ခေါင်းမဖြတ်နိုင်ခင် ဝမ်ဝေ့က ယခုလေးမှ အသစ်ဖန်တီးထားသည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

အချိန်နောက်ပြန်ရစ်ခြင်း ...

သူက ခန္ဓာကိုယ်ကို လွန်ခဲ့သည့် နာရီပိုင်းက အနေအထားသို့ ပြန်ပြောင်းလိုက်သည်။ သူက အထွတ်အထိပ် အခြေအနေတွင် ရှိနေဆဲအချိန် ဖြစ်၏။ ထို့နောက် သူ့ခန္ဓာကိုယ်၊ မူလအဆီအနှစ်၊ စည်းမျဉ်းပလ္လင်၊ အံ့ဖွယ်ပင်လယ်နှင့် သူအသိစိတ်ပင်လယ်အထိ ဖောက်ခွဲပစ်လိုက်သည်။ သူ့အပြုအမူများတွင် တုံ့ဆိုင်းနေခြင်းမျိုး မရှိပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now