အခန်း(၄၉၉)

29 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၄၉၉) : ခန္ဓာကိုယ်အသစ်

လျှို့ဝှက်နယ်မြေအတွင်း ဝမ်ဝေ့က သူ့ရှေ့မှ အစိမ်းရောင် ရေကန်အား ကြည့်ကာ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်၏။ သူ့နောက်တွင် ရှိနေသည့် ဝမ်ဝူချန်က လက်ဝှေ့လိုက်ပြီး ဝိညာဉ်ပစ္စည်းလေးမျိုးကို ထုတ်လိုက်သည်။

" မင်း အထွတ်အထိပ်ပစ္စည်းတွေနဲ့ လုပ်ခဲ့သလိုမျိုး ဒီပင်ကိုရတနာတွေရဲ့ တာအိုစည်းချက်ကို ရှာပြီးတော့ စုပ်ယူလိုက်ရုံပဲ။ အဆင်သင့်ဖြစ်ပြီလား"

ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ခေါင်းညိတ်လိုက်ပြီး ရေကန်အတွင်း ခုန်ချသွားကာ တင်ပျဉ်ခွေကာ မျက်လုံးမှိတ်ထားလိုက်၏။ သူက စက္ကန့်ပိုင်းအတွင်း ခန္ဓာကိုယ်အသစ် တစ်ခု ဖွဲ့တည်လာသည်။ သို့သော် သူ ရှေးဟောင်းခန္ဓာသန့်စင်ခြင်းကျမ်းကို စတင် မကျင့်စဉ်အချိန်ကလိုမျိုး အားနည်းသည့် ခန္ဓာကိုယ် ဖြစ်နေသည်။

ရေကန်မှ စွမ်းအားများကို စုပ်ယူရင်း ဝမ်ဝေ့က သူ့အရေပြားသည် ခန္ဓာကိုယ်ကို မဖောက်ခွဲပစ်ခင် အနေအထားသို့ ရောက်ရှိလာကြောင်း ခံစားမိလိုက်သည်။ သူ့ဝိညာဉ်က ယခင်ခန္ဓာကိုယ် လေ့ကျင့်ထားသည့် အချက်အလက်များပါဝင်နေ၍ ထိုဖြစ်စဉ်အား အထွတ်အထိပ်သို့ မြှင့်တင်ပေးနိုင်လိုက်သည်။

အချိန်တိုအတွင်း သူ့အရေပြားက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့ကြောင့် ဝမ်ဝေ့က ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ဖန်တီးဖို့ အသင့်တော်ဆုံးဖြစ်သော ပင်ကိုအဆင့်ရတနာ ပင်ကိုသံမဏိ၏ တာအိုစည်းချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။

ခဏအကြာတွင် ဝမ်ဝေ့က သူ့အရေပြားနှင့် မပေါင်းစပ်ခင် တာအိုစည်းချက်ကို ရှာတွေ့သွားကာ ထိုအရာအား မီးခိုးရောင်အဖြစ် ပြောင်းလဲလိုက်သည်။

ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ...

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now