အခန်း (၅၁၉)

36 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၁၉) : နတ်ဆိုး တီးတိုးသံ

ဝမ်ဝေ့က သူ့မိသားစုနှင့်အတူ ညစာစားပြီး ရက်အနည်းငယ်ကြာ စိတ်အေးလက်အေးနေဖို့ ပြင်ဆင်လိုက်သည်။ သူက သူ့အရင်းအမြစ် စုဆောင်းရေးကို ကူညီပေးနိုင်သည့် လျှို့ဝှက်နယ်မြေ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ထို့နောက် သူက သူ့သိုလှောင်လက်စွပ်အတွင်းမှ ရေကရားတစ်ခုကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။ ဂိုဏ်းတစ်ခုလုံးအနှံ့ သူ့တောင်ထိပ်မှ ပျံ့နှံ့လာသည့် အနံ့သင်းသင်းလေးကို ရလိုက်ကြ၏။

တပည့်များနှင့် အကြီးအကဲများက တံတွေးမျိုချရင်း သူ့တောင်ထိပ်ရှိရာဆီ လှမ်းကြည့်လာကြသည်။

ထိုသေရည်သည် အရသာရှိကာ ကျင့်ကြံရေးအတွက် အကျိုးရှိလိမ့်မည် ဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။

ဝမ်ဝေ့က တစ်ငုံသောက်ကာ အရသာခံလိုက်သည်။ အနည်းငယ် သောက်သုံးပြီးသည့်နောက်တွင် သူ၏ လျှာကဝေဆဲလ်များက အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်ခွန်းအားက နဂါး ၅ ကောင် အင်အားအထိ တိုးမြင့်သွားသည်။

သူက ခေတ်သစ်နည်းပညာကို အသုံးပြု၍ သေရည်ကို ကျိုချက်ခဲ့ခြင်း ဖြစ်ကာ နောက်ဆုံးဖြစ်စဉ်တွင် ပင်ကိုချီ ထည့်သွင်းပေးခဲ့သည်။ ထို့နောက် သူက ပင်ကိုအချိန်ရတနာဖြင့် ထိုသေရည်အား အနည်းဆုံး နှစ်နှစ်သိန်းခွဲ ထားထားခြင်းဖြစ်သည်။

" မဆိုးဘူးပဲ။ ဒါပေမဲ့ နောက်ထပ်နှစ်တစ်သန်းခွဲလောက် စောင့်လိုက်ရင် ပိုပြီးတော့ အရသာကောင်းလာမှာ"

သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ လီကျွင်းက သူ့နေရာဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။ သူက လက်ဝှေ့လိုက်ပြီး တောင်၏ အစီအရင်များအား အသက်သွင်းလိုက်သည်။ ယနေ့ သူက ဤအရာကို မည်သူနှင့်မျှ မဝေမျှနိုင်ပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now