အခန်း(၅၄၄)

38 4 0
                                    

အခန်း (၅၄၄) : တော်လှန်ခြင်း

နောက်ဆုံးအစီအစဉ်တွင် အဆင့်များစွာရှိပြီး ဝမ်ဝေ့က ပထမဆုံးအဆင့်ကို လုပ်ဆောင်ရမည်။ အခြေစိုက်စခန်းရှိ အခန်းတစ်ခုအတွင်း အစီအရင်နှစ်ခုက မျက်နှာချင်းဆိုင် ရှိနေလေသည်။

ဘယ်ဘက်အခြမ်းရှိ အစီအရင်အလယ်ခေါင်တွင် စုစည်းနေသည့် အနီရင့်ရင့် အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုစဉ် ညာဘက်အခြမ်းတွင်မူ ရွှေရောင်အရှိန်အဝါ တစ်ခု စုစည်းနေ၏။ ဝမ်ဝေ့က ဘယ်ဘက်အခြမ်းကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တခြားထက် ပိုမိုမြန်ဆန်စွာ အလုပ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူက အနီရောင်အရှိန်အဝါကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် စိတ်ပျက်မှုဖြင့် အော်ဟစ်နေသံများကို ကြားလိုက်ရ၏။ စိတ်စွမ်းအား မလုံလောက်သည့်လူများက ထိုအစီအရင်ကို ကြာရှည်စွာ လေ့လာနိုင်မည် မဟုတ်ပေ။ သူက ဘာမှမပြောဘဲ အစီအရင်နှစ်ခုကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် ထွက်လာခဲ့လိုက်သည်။

" အရှင်ချူးမို ကျုပ်တို့ရဲ့ နောက်အစီအစဉ်ကရော ဘယ်လိုလဲ"

" နောက်အဆင့်အတွက် စတေးဖို့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းတချို့ လိုတယ်" ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်စဉ် တခြားသူများက မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က မည်မျှပေးဆပ်ရမည်ကို ချက်ချင်းသိလိုက်ကြ၏။

" အဲဒါက လိုလို့လား" အဝါရောင်နှလုံးသားက မေးလိုက်သည်။

" အဲဒါမပါဘဲ အဆင့် ၃ က မအောင်မြင်နိုင်ဘူး။ တကယ်လို့ မင်းတို့တွေအလိုရှိရင် ငါ ရပ်တန့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်မင်းတို့က နတ်ဆိုးမျိုးနွယ်ကို ကြီးကြီးမားမား ထိခိုက်အောင် လုပ်ပြီးသွားပြီဆိုတော့ ဒီအောင်မြင်မှုက မင်းတို့အတွက် လုံလောက်နေမှာပေါ့"

လေးယောက်သားက အံ့ဖွယ်အသိစိတ်မှ ဆက်သွယ်လိုက်ကြ၍ တိတ်ဆိတ်သွားသည်။

" အရှင်ချူးမို နောက်အဆင့်က ဘယ်လောက်တောင်အရေးကြီးတာလဲ"

" တကယ်လို့ ငါတို့ အောင်မြင်သွားရင် ဒီကမ္ဘာရဲ့ လူသားတွေက နတ်ဆိုးမျိုးနွယ်ကို လွှမ်းမိုးပြီးတော့ ကမ္ဘာရဲ့ ဇာတ်လိုက် ဖြစ်လာနိုင်တယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIUnde poveștirile trăiesc. Descoperă acum