အခန်း(၅၅၀)

51 5 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၅၀) : ခွန်အားအစစ်အမှန် တာအို

ပထမဦးစွာ သက်တမ်းနှင့် ပတ်သက်လာသည့်အခါ မူလနည်းစနစ်နှင့် တူညီပြီး အားကောင်းသည့် သွေးမျိုးဆက်က ထိုကျင့်ကြံသူများအား ဧကရာဇ်တစ်ပိုင်းအဆင့်တွင် အပိုသက်တမ်း နှစ်ဆယ်သန်းမှ သုံးဆယ်အထိ ပေးထားလေသည်။ ရှေးဦးနတ်ဆိုးကျင့်ကြံရေးနည်းစနစ်သည် ခွန်အားအရ မူလနှင့် စိတ်ဝိညာဉ်အခြေခံနည်းစနစ်များထက် ပိုမိုအံ့ဩဖို့ကောင်း၏။ သို့သော်လည်း ပတ်ဝန်းကျင်၏ ကန့်သတ်ခြင်းကို ခံရသည်။

မိုးမြေကြားမှ သီးသန့်သွေး မရှိဘဲ ရှေးခေတ်အခါမှ သွေးမျိုးဆက် အမွေအနှစ်အားလုံး မပါရှိဘဲဖြင့် ဤနည်းစနစ်သည် အပြည့်အဝ မကျင့်ကြံနိုင်ပေ။

ဝမ်ဝေ့က ပင်ကိုနတ်ဆိုးများနှင့် ကမ္ဘာဦးနတ်ဘုရားများ၏ သွေးမျိုးဆက်အမွေအနှစ် အားလုံးကို ရှာဖွေတွေ့ရှိသွားသည်နှင့် ဤကမ္ဘာသည် အင်အားအရ သိသိသာသာ ကျဆင်းလာမည်ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။

ပတ်ဝန်းကျင်ရှိ ထူးကဲသည့် သွေးမျိုးဆက်က ထာဝရကြာရှည်မည် မဟုတ်ပေ။ ထိုအခါ ကျင့်ကြံသူများက သူတို့၏ နည်းစနစ်ကို ပြောင်းလဲရမည် သို့မဟုတ် သွေးမျိုးဆက်မရှိသည့် အားအနည်းဆုံးကို လက်ခံရမည်။

သူက ရှေးဦးနတ်ဆိုး ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် အလွှာနိမ့်ကြားမှ ကွာခြားချက်ကို ခန့်မှန်းမိလေသည်။ ထိုနေရာရှိ ကျင့်ကြံသူအများစုက ကြီးထွားမည့် သွေးမျိုးဆက်နှင့် သင့်တော်သည့် ပတ်ဝန်းကျင် မရှိသည့်အတွက် သူတို့က အားနည်းကြလိမ့်မည်။

ဤနည်းစနစ်၏ အဓိက ဆိုးကျိုးတစ်ခုမှာ (အထူးသဖြင့် ဝမ်ဝေ့အတွက်) တာအိုရေးထွင်းခြင်းအဆင့် ဖြစ်၏။ ကျင့်ကြံရေးနည်းစနစ်အများစုတွင် စည်းမျဉ်းကို ထိန်းချုပ်ဖို့ စံထားရာ နည်းလမ်းကို အသုံးပြုကြသည်။ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စွမ်းအားတို့ဖြစ်ကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIحيث تعيش القصص. اكتشف الآن