အခန်း(၄၃၃)

82 5 0
                                    


အခန်း (၄၃၃) : မင်္ဂလာဦးည

ဝမ်ဝေ့က အခန်းထဲဝင်လာပြီးနောက် ဝူဟုန်သည် ခြေချိတ်လျက် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ သူမက အနီရောင်အဝတ်များဖြင့် သိမ်မွေ့ကာ လှပလွန်းနေသည်။ သူမ၏ အလှတရားကို ဖော်ညွှန်းဖို့ စကားလုံးတချို့ ရှာဖွေလိုသော်လည်း သူက ကဗျာဆရာ မဟုတ်သည်မှာ နှမြောဖို့ကောင်းလှသည်။

သူက ကဗျာဆရာ ဖြစ်လျှင်ပင် သူမ မည်မျှလှပကြောင်း၊ သူမက သူ့ကို ရွေးချယ်ခဲ့၍ မည်မျှပျော်ရွှင်နေကြောင်း ဖော်ပြဖို့ စကားလုံးများ တွေ့မည် မဟုတ်ပေ။ ထို့နောက် သူက သူ့ခန္ဓာကိုယ်မှ အရက်နံ့နှင့်အတူ စည်းတံဆိပ်ကို ဖယ်ရှားလိုက်သောကြောင့် စိတ်က ပိုမိုကြည်လင်သွားလေသည်။

နောက်ဆုံးတွင် သူက သူမ၏ ခြေတံရှည်များကို ကြည့်ကာ တံတွေးမျိုချလုမတတ် ဖြစ်သွားလေ၏။

" ရှင့်ဆီမှာ ဒီလို အကြိုက်မျိုး ရှိတယ်ဆိုတာကို အခုမှပဲ သဘောပေါက်တော့တယ်" ဝူဟုန်က ကုတင်ပေါ်မှ ထရပ်ကာ သူမ၏ ကောက်ကြောင်းအလှများအား ပြသလာသည်။

" မင်း အခုမှ သိတာ နည်းနည်းနောက်ကျလွန်းသွားပြီလို့ ထင်တယ်"

ဝမ်ဝေ့က ကုတင်ပေါ် တက်လာပြီး သူ့လက်ထဲ ပွေ့ဖက်ထားလိုက်သည်။ နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ကမ္ဘာပေါ်တွင် သူတို့နှစ်ဦးထဲ ရှိနေသကဲ့သို့ ဖြစ်၏။

သူတို့က တစ်ယောက်နှင့်တစ်ယောက် အဝတ်အစားများ သေချာချွတ်ပေးလိုက်ကြပြီး တစ်ယောက်ခန္ဓာကိုယ် တစ်ယောက် သဘောတွေ့နေကြသည်။ ထို့နောက် သူတို့က ပေါင်းစည်းလိုက်ကြ၏။ ထိုပေါင်းစည်းမှုက သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တင် မဟုတ်ဘဲ ကမ္ဘာဦးစိတ်ဝိညာဉ်လည်း အပါအဝင် ဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် သန့်စင်ကမ္ဘာဦးယင် ပမာဏအမြောက်အများကို ခံစားမိလိုက်ပြီး သူ့ကမ္ဘာဦးယန်နှင့် အပြည့်အဝ ရောစပ်သွားလေသည်။

ထို့နောက် သူ့ထိန်းချုပ်မှုအောက်တွင် သူ့အစစ်အမှန် ကမ္ဘာဦး စိတ်ဝိညာဉ်အတွင်း ကမ္ဘာဦးယင်ယန် ဝင်ရောက်သွားသည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ် အထက်တွင် အဖြူရောင်ပုံစံ တစ်ခုက မိနစ်ပိုင်းမျှ ပေါ်ထွက်လာပြီးနောက် ချက်ချင်းဆိုသလို အနက်ရောင် ပြောင်းလဲသွားသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now